ဥရောပသမဂ္ဂ မြန်ကူရန်ပုံငွေအစီအစဉ်မှ မြန်မာကျပ်ငွေ ၄ ဘီလီယံ ကျော် ရှိသည့် ၄၅,၀၆၁ သောငွေကြေးထောက်ပံ့မှုများအား အထည်ချုပ်၊ အထည်အလိပ် နှင့် ဖိနပ်စက်ရုံ အလုပ်သမားများထံသို့ ပံ့ပိုးမှု။

07.08.2020

ကမ္ဘာအနှံ့ဖြစ်ပွားလျက်ရှိသည့် ကိုဗစ်-၁၉ ကြောင့် အလုပ်လက်မဲ့ဖြစ်ခဲ့ရသည့် အထည်ချုပ်အလုပ်သမားများသည် ဥရောပသမဂ္ဂ၏ ယူရို ၅သန်း (မြန်မာကျပ်ငွေ ၇.၉ ဘီလီယံ) အရေးပေါ်ရန်ပုံငွေဖြစ်သည့် “မြန်ကူ” မှ တစ်ဆင့် ငွေကြေးကူညီထောက်ပံ့မှု ရရှိလျက်ရှိသည်။

ကမ္ဘာအနှံ့ဖြစ်ပွားလျက်ရှိသည့် ကိုဗစ်-၁၉ ကြောင့် အလုပ်လက်မဲ့ဖြစ်ခဲ့ရသည့် အထည်ချုပ်အလုပ်သမားများသည် ဥရောပသမဂ္ဂ၏ ယူရို ၅သန်း (မြန်မာကျပ်ငွေ ၇.၉ ဘီလီယံ) အရေးပေါ်ရန်ပုံငွေဖြစ်သည့် “မြန်ကူ” မှ တစ်ဆင့် ငွေကြေးကူညီထောက်ပံ့မှု ရရှိလျက်ရှိသည်။ မေလ ၁ရက်နေ့ မှ ၈လပိုင်း ၃ရက်နေ့အထိ “မြန်ကူ” ပဏာမခြေလှမ်းအဖြစ် အလုပ်လက်မဲ့နှင့် အလုပ်မှဆိုင်းငံ့ ခံထားရသည့် အလုပ်သမားများအား အရေးပေါ်ငွေသားပံ့ပိုးမှုများ ဖြန့်ဝေပေးအပ်ခဲ့ပြီး၊ ယမန်နေ့အထိ ငွေကြေးထောက်ပံ့မှုများ ၄၅,၀၆၁ အထိ ရောက်ရှိခဲ့ပြီး လက်ရှိ၌ ကူညီထောက်ပံ့ကြေးငွေ စုစုပေါင်း ယူရို ၂.၅သန်းကျော်  ပံ့ပိုးပေးခဲ့ပြီး ဖြစ်သည်။

 

မြန်ကူက ကျွန်မတို့ တစ်ကယ်လိုအပ်နေတဲ့အချိန်မှာ ကူညီထောက်ပံ့ပေးတာဖြစ်တဲ့အတွက် မြန်ကူကနေ ဒီလို ထောက်ပံ့မှု လက်ခံရရှိတဲ့လူတိုင်း လတ်တလောမှာတော့ အဆင်ပြေသွားကြပြီး သူတို့တွေလည်း ကျွန်မလိုပဲ အရမ်းကို ပျော်ရွှင်နေကြမှာပါ။ ကျွန်မမိသားစုကို ထောက်ပံ့နိုင်ဖို့အတွက်လည်း အလုပ်တစ်ခု အမြန်ဆုံးလိုချင်ပါတယ်” ဟု မေလ၌ အထည်ချုပ်စက်ရုံတစ်ခုမှ အလုပ်အကိုင်ဆုံးရှုံးခဲ့ရသည့် QC အဖြစ် လုပ်ကိုင်ခဲ့သည့် မရွှန်းလဲ့နွေး မှ ပြောပြခဲ့သည်။

 

ဥရောပသမဂ္ဂ မြန်ကူရန်ပုံငွေ ငွေကြေးပံ့ပိုးမှုအစီအစဉ်ကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၃၀ရက်နေ့အထိ ထပ်မံတိုးချဲ့လိုက်ပြီဖြစ်သည်။    ငွေသားပံ့ပိုးမှုများအား အလုပ်အကိုင်ဆုံးရှုံးခဲ့ရသည့် အထည်ချုပ်၊ အထည်အလိပ် နှင့် ဖိနပ်စက်ရုံအလုပ်သမားများကို ဆက်လက် ပံ့ပိုးသွားမည်ဖြစ်သည်။ မြန်ကူ၏ အရည်အချင်းပြည့်မီမှုစံနှုန်းအား ပြုပြင်ပြောင်းလဲမှုအချို့ ပြုလုပ်ခဲ့ပြီး အဆိုပါပြောင်းလဲမှုတွင် အလုပ်လက်မဲ့ ကိုယ်ဝန်ဆောင် အလုပ်သမားများ၊ ရွှေ့ပြောင်းအလုပ်သမားများ နှင့် အလုပ်လက်မဲ့ဖြစ်နေသည့် အချိန်ကာလအတွင်း ပညာရေး နှင့် လုပ်ငန်းကျွမ်းကျင်မှုသင်တန်းများ စာရင်းသွင်းတက်ရောက်ကြမည့် အလုပ်သမားများကိုလည်း အပိုထပ်ဆောင်း ကူညီထောက်ပံ့ပေးမည့် အခွင့်အလမ်းများ ပါဝင်သည်။

 

သတ်မှတ်ထားသည့်အုပ်စုအားချဲ့ထွင်ခြင်းသည် အလုပ်လက်မဲ့ကိုယ်ဝန်ဆောင် အလုပ်သမားများ၏ အာဟာရ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပြီး အထူးသဖြင့် ရွှေ့ပြောင်းအလုပ်သမားများ နှင့် အလုပ်ခန့်ထားရာတွင် ခွဲခြားဆက်ဆံခံရသည့် အလုပ်သမားများအား ၎င်းတို့၏ လုပ်အားအင်အားစုထဲသို့ ပြန်လည်ဝင်ရောက်ရာတွင် အကူအညီဖြစ်စေမည့် မရှိမဖြစ်လိုအပ်သော အခြေခံ ထောက်ပံ့မှုများရှိစေရေးအတွက် ပိုမိုကောင်းမွန်သေချာစေရန် ရေးဆွဲထားသည်။ 

မြန်ကူအတွက် ကျား/မ ကွာဟမှုဟာ အင်မတန် အရေးပါပါတယ်။ အထည်ချုပ်ကဏ္ဍအတွင်း ဖန်တီးပေးထားတဲ့ အလုပ်တွေရဲ့ ၉၀% ရာခိုင်နှုန်းက အမျိုးသမီးလုပ်သားတွေကို အလုပ်အကိုင်ပေးထားကြပြီး ၎င်းတို့သည် ဆင်းရဲနွမ်းပါးတဲ့ ကျေးလက်တောရွာများမှ ထွက်လာြပီး စက်ရုံများမှာ လာရောက် အလုပ်လုပ်ကိုင်ရင်း ရရှိသည့်လစာများဖြင့် ၎င်းတို့၏ မိသားစုများအားထောက်ပံ့နေကြသူများဖြစ်သည်။ ထိုသို့ထောက်ပံ့နိုင်ခြင်းသည် ၎င်းတို့အတွက် ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိစေသည်။ မြန်ကူ၏ ရည်ရွယ်ချက်မှာလည်း အဆိုပါအလုပ်များအား မြဲမြံစေရန် ကာကွယ်ပေးရန်ဖြစ်သည်။ ထိုမှသာလျှင် ယခုကဏ္ဍတွင် အလုပ်ရှာဖွေနေကြသည့် အမျိုးသမီးများအနေဖြင့် ယခုဖြစ်ပေါ်နေသည့် စီးပွားရေးကပ်ဘေးကို  ကျော်ဖြတ်နိုင်ပြိး တခြားတဖက်၌ ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းမှုများတွင် အဆင်ပြေပြေဖြစ်စေရန် ဖြစ်သည်။

 

အထည်ချုပ်၊ အထည်အလိပ် နှင့် ဖိနပ်စက်ရုံကဏ္ဍများရှိ စက်ရုံစုစုပေါင်း ၂၃၀ မှ စက်ရုံအလုပ်သမားပေါင်း ၂၆,၅၇၈ ယောက် လျှောက်ထားခဲ့ပြီး ငွေကြေးထောက်ပံ့မှုများ ရရှိခဲ့ပြီးဖြစ်သည်။ ငွေသားပံ့ပိုးထောက်ပံ့မှုအား တစ်လလျှင် မြန်မာကျပ်ငွေ ၃၅,၀၀၀ ကျပ် မှ တစ်လလျှင် ၁၂၅,၀၀၀ မြန်မာကျပ်ငွေအထိ သတ်မှတ်ထားရှိသည်။ စက်ရုံများတွင် အချိန်ပိုင်းအဖြစ်သာ အလုပ်လုပ်ကိုင်နေပြီး ၁သိန်းကျပ်အောက်သာ လစာရရှိသည့် အလုပ်သမားများသည် မြန်ကူမှ ပါဝင်ပူးပေါင်း ကူညီထောက်ပံ့မှု ၅၀% ရာခိုင်နှုန်း လက်ခံရရှိရန် ကိုက်ညီသည်။

 

“ကျွန်မအလုပ်လုပ်ခဲ့တဲ့ စက်ရုံက စက်ရုံပိတ်သိမ်းချိန်မှာ အလုပ်သမားတွေကို နစ်နာကြေးမပေးခဲ့ပါဘူး။ အဲ့နောက်မှာတော့ အီးယူ မြန်ကူကနေ ဇွန်လ ၁၅ရက်နေ့မှာ ထောက်ပံ့ငွေ ၁၂၅,၀၀၀ ကျပ်ကို လက်ခံရရှိခဲ့ပါတယ်။ ဒီလို ငွေကြေးထောက်ပံ့မှုမျိုး ရလိမ့်မယ်လို့ ကျွန်မ တစ်ကယ်ကို မထင်ထားခဲ့ပါဘူး။ ကျွန်မ အရမ်းကို ပျော်ပါတယ်” ဟု ဧပြီလတွင် သူမ၏ အလုပ်ရှင်မှ ဒေဝါလီခံပြီး စက်ရုံအပြီးပိုင် ပိတ်သိမ်းပြီးနောက် နစ်နာကြေးမရရှိပဲ အလုပ်အကိုင်ဆုံးရှုံးခဲ့ရသည့် စက်ချုပ်အော်ပရေတာ မအေးအေးခိုင် မှ ပြောပြခဲ့သည်။

 

နောက်ခံအကြောင်းအရာ

ကိုဗစ်-၁၉ ပျံ့နှံ့မှု၏ နောက်ဆက်တွဲ စီးပွားရေးအကျိုးသက်ရောက်မှုဒဏ်အား လျော့နည်းစေရန် ဥရောပသမဂ္ဂ မှ အလျင်အမြန် တုံ့ပြန်ဆောင်ရွက်မှုတစ်ခု အနေဖြင့် မြန်ကူကို ၂၀၂၀ခုနှစ် ဧပြီလတွင် စတင်လုပ်ဆောင်ခဲ့ပြီး အကျပ်အတည်းကြောင့် ၎င်းတို့၏ အလုပ်အကိုင်များ ဆုံးရှုံးခဲ့ရသည့် မြန်မာနိုင်ငံတဝှမ်းမှ အမျိုးသမီး အထည်ချုပ်လုပ်သားများကို အဓိကထား ကူညီဆောင်ရွက်လျက် ရှိသည်။ မြန်ကူသည် အထည်ချုပ်လုပ်သား ၅၀,၀၀၀ ခန့်ကို ငွေသားကူညီထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်ပြီး မြန်မာနိုင်ငံရှိ အထည်ချုပ်ကဏ္ဍအပေါ် ကိုဗစ်-၁၉ သက်ရောက်မှုအား ဒေတာအချက်အလက်များ လေ့လာဆန်းစစ်ကာ စုဆောင်းပြီး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်၍ အနာဂတ် အလုပ်လက်မဲ့ အာမခံအစီအစဉ်များ မွမ်းမံလုပ်ဆောင်ရန်အတွက် နည်းပညာလမ်းညွှန်မှုကို ရယူသည်။

မြန်ကူ၏ စတင်လုပ်ဆောင်မှုများအား UNOPS မှ စီမံခန့်ခွဲသော အီးယူ၏ လူသားချင်းစာနာမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု NEXUS Response for Myanmar ၏ ငွေကြေးထောက်ပံ့မှုနှင့် sequa ၏ SMART အထည်အလိပ်နှင့် အထည်ချုပ် စီမံကိန်းအဖွဲ့ဝန်ထမ်းများမှ လုပ်ဆောင်လျက်ရှိသည်။

 

စီမံကိန်းအား အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်နိုင်ရန်အတွက် ဒေသခံ လုပ်ငန်းရှင်များနှင့် အဖွဲ့အစည်းများမှ ကူညီ ပံ့ပိုးပေးလျက်ရှိပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း၊  မြန်မာ့လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (CESD)၊ ပြည်ကြီးခင်၊ Opportunities Now နှင့် သုံးပန်လှ စသည့် အဖွဲ့အစည်းများမှလည်း ပံ့ပိုးကူညီလျက်ရှိသည်။

 

အလုပ်သမားများထံသို့ ငွေသားလွဲှပြောင်းပေးမှုကို Wave Money ကို အသုံးပြု၍ ဒီဂျစ်တယ်နည်းလမ်းဖြင့် ပေးပို့သည်။ အထည်ချုပ်အလုပ်သမားများ၏ လိုအပ်ချက်များကို ထောက်ပံ့ကူညီနိုင်ရန် နှင့် ၎င်းတို့ကုမ္ပဏီ၏ လူမှုရေးလုပ်ဆောင်မှု တာဝန်တစ်ရပ်အဖြစ် Wave မှ ပုံမှန်ကောက်ခံသည့် လုပ်ငန်းဆောင်တာကြေး မယူပဲ မြန်ကူရန်ပုံငွေ စီမံကိန်းသို့ ဝန်ဆောင်မှုများ ပံ့ပိုးပေးလျက်ရှိသည်။

 

မြန်ကူ၏ အရည်အချင်းပြည့်မီမှုစံနှုန်းကို SMART ဝက်ဘ်ဆိုဒ်

https://www.smartmyanmar.org/files/uploads/2020_juneupdate_myankucriteria_burmese.pdf တွင် ဖော်ပြထားသည်။

 

 သတင်းမီဒီယာ စုံစမ်းမှုများအတွက် ဆက်သွယ်ရန် -

မစုမွန်သဲ၊sumon@smartmyanmar.org

+95 9970413400