၁၅ကြိမ်မြောက် အေအီးအမ်-အီးယူ ကုန်သွယ်ရေးကော်မရှင်နာ ဆွေးနွေးပွဲများ
၁၅ကြိမ်မြောက် အေအီးအမ်-အီးယူ ကုန်သွယ်ရေးကော်မရှင်နာ ဆွေးနွေးပွဲများ
မတ် ၁၀၊ ၂၀၁၇၊ မနီလာ၊ ဖိလစ်ပိုင်
ပူးတွဲသတင်းထုတ်ပြန်ချက်
၁။ အာဆီယံစီးပွားရေးဝန်ကြီးများနှင့် ဥရောပသမဂ္ဂကုန်သွယ်ရေး ကော်မရှင်နာတို့သည် ၁၅ကြိမ်မြောက် အေအီးအမ်-အီးယူ ကုန်သွယ်ရေးကော်မရှင်နာအစည်းအဝေးပွဲများအတွက် ဖိလစ်ပိုင်နိင်ငံ မနီလာမြို့တွင် ၂၀၁၇ခုနှစ် မတ်လ ၁၀ရက်နေ့က တွေ့ဆုံခဲ့ပါသည်။ ဤဆွေးနွေးပွဲများအား ဖိလစ်ပိုင်သမ္မတနိင်ငံ ကုန်သွယ် ရေးနှင့်စက်မှုဝန်ကြီး H.E Ramon Lopez နှင့် အီးယူကုန်သွယ်ရေး ကော်မရှင်နာ H.E Cecilia Malmstrom တို့မှ ပူးတွဲသဘာပတိအဖြစ် ကျင်းပပေးခဲ့ကြသည်။
၂။ အေအီးအမ်နှင့် အီးယူကုန်သွယ်ရေး ကော်မရှင်နာတို့သည် ဒေသနှစ်ခုကြားခိုင်မာအားကောင်းသော ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဆက်ဆံရေးများကိုမှတ်ချက်ပြုပြောဆိုခဲ့ကြသည်။ အီးယူ၏ စာရင်းအင်းများ အရ အာဆီယံ-အီးယူ နှစ်လမ်းသွား ကုန်သွယ်မှုမှာ ၂၀၁၆ခုနှစ်တွင် ယူရို ၂၀၈ ဘီလီယံရှိခဲ့ပြီး ၂၀၁၅ခုနှစ်တွင် အီးယူမှာ အာဆီယံတွင်းသို့ နိင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) စီးဆင်းမှုအကြီးမားဆုံးသော ပြင်ပအရင်း အမြစ်ဖြစ်ခဲ့ပြီး ယူရို ၂၃.၃ ဘီလီယံရှိခဲ့သည်။
၃။ အေအီးအမ်နှင့် အီးယူကုန်သွယ်ရေးကော်မရှင်နာတို့သည် ၁၄ ကြိမ်မြောက်အေအီးအမ်-အီးယူ ကုန်သွယ် ရေးကော်မရှင်နာ ဆွေးနွေးပွဲများ၊ ၂၃ နှင့် ၂၄ ကြိမ်မြောက် စီအွမ်း-အီးယူ ဆွေးနွေးပွဲများ၊ ဒေသနှစ်ခုမှ ကျွမ်းကျင်မှုညှိုနှိုင်း ဆွေးနွေးရေး အုပ်စုများ၊ ကုန်သွယ်မှုချောမွေ့လွယ်ကူရေး၊ အသိဥာဏပစ္စည်း ဆိုင်ရာ မူပိုင်ခွင့်၊ လေကြောင်းပို့ဆောင်ရေး၊ စာရင်းအင်းနှင့် ပေါင်းစည်းမှု စောင့်ကြည့်ရေး စသည့် အမျိုးမျိုးသော စီမံကိန်းများ အပါအ၀င်၂၀၁၅-၂၀၁၆ အာဆီယံ-အီးယူ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအစီအစဉ် အကောင်အထည်ဖော်ဆောင်မှု အပေါ်အားရကျေနပ်ခဲ့ကြသည်။ အေအီးအမ်နှင့် အီးယူကုန်သွယ်ရေး ကော်မရှင်နာ တို့သည် အာဆီယံ-အီးယူ မြှင့်တင်မိတ်ဖက်ဆောင်ရွက်မှု (၂၀၁၃-၂၀၁၇) ကိုပိုမို အားကောင်း ခိုင်မာစေရန် အာဆီယံနှင့် အီးယူတို့ ဘန်ဒါဆယ်ရီဘယ်ဂါဝန် လုပ်ငန်းစီမံချက်နှင့် အညီဖန်တီးထုတ်လုပ် ခဲ့သည့် လုပ်ငန်းအစီအစဉ် သုံးခုအား ယနေ့ထိ အကောင်အထည်ဖော်နိင်ခဲ့မှု အပေါ် အသိအမှတ်ပြုပြောကြား ခဲ့ကြသည်။ ဤလုပ်ငန်းအစီအစဉ် သုံးခုအား အောင်မြင်စွာအကောင်အထည် ဖော်နိင်မှုမှာ အာဆီယံ-အီးယူ စီးပွားရေးဆိုင်ရာဆက်ဆံရေးများအား နောက်တစ်ဆင့်မြင့်တက်သွားစေဖို့ အထောက်အကူပြုခဲ့ကြောင်း အေအီးအမ် နှင့် အီးယူကုန်သွယ်မှုကော်မရှင်နာ တို့မှ တူညီစွာပြောကြားခဲ့ကြသည်။
၎။ အေအီးအမ်အနေဖြင့်လည်း အာဆီယံဒေသပိုင်းဆိုင်ရာပေါင်းစည်းမှု အီးယူအကူအညီ (ARISE) အောက်မှ အမျိုးမျိုးသောအစီအစဉ်များ၊ ပဏာမခြေလှမ်းများဖြင့် အာဆီယံသို့ အီးယူ၏တောင့်တင်းခိုင်မာသော ကူညီ ထောက်ပံ့မှုအတွက်လည်းကောင်း၊ အသိဥာဏပစ္စည်းဆိုင်ရာမူပိုင်ခွင့် (ECAP lll) အီးယူ-အာဆီယံစီမံကိန်း၊ ပေါင်းစည်းမှုအခြေအနေနှင့် စာရင်းအင်းစောင့်ကြည့်ရေးအတွက် အီးယူ-အာဆီယံ စွမ်းဆောင်ရည်မြှင့်တင်ပေး ခြင်းအစီအစဉ် (EU-COMPASS) နှင့် အာဆီယံလေကြောင်းပို့ဆောင်ရေးပေါင်းစည်းမှု စီမံကိန်း (AATIP) တို့ အတွက် အီးယူအားကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ ဤသို့သောပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များမှာ အာဆီယံကုန်သွယ်မှုဘဏ္ဍာတိုက် (ATR)၊ အာဆီယံရင်းနှီးမြှုပ်နှံမှု၊ ၀န်ဆောင်မှုနှင့် ကုန်သွယ်မှုဆိုင်ရာ ဖြေရှင်း ချက်များ (ASSIST) နှင့် ASEANStats တို့အပါအ၀င် လက်ဆုပ်လက်ကိုင်ပြနိင်သောရလာဒ်များနှင့်အတူ အာဆီယံ စီးပွားရေးအသိုက်အ၀န်း ထူထောင်မှုနှင့် အာဆီယံစီးပွားရေး ပေါင်းစည်းမှုတို့အတွက် ကြီးမားစွာ အထောက်အကူပြုခဲ့ပေသည်။
၅။ ပေါ်ပေါက်လာသည့်စိန်ခေါ်မှုများကို ဖြေရှင်းကိုင်တွယ်၍ ဒေသနှစ်ခုကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို အကျိုးရှိစေဖို့ အသုံးချရာတွင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးတက်ကောင်းမွန် စေဖို့ အေအီးအမ်နှင့် အီးယူကုန်သွယ်ရေး ကော်မရှင်နာ တို့သည် ၂၀၁၇-၂၀၁၈ အတွက် အာဆီယံ-အီးယူ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအစီအစဉ်ကို အတည်ပြုထောက်ခံခဲ့ကြသည်။ ၂၀၁၇-၂၀၁၈ အတွက် အာဆီယံ-အီးယူ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအစီအစဉ် ကိုအကောင်အထည်ဖော်ခြင်းမှာ အာဆီယံ- အီးယူ လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက် (FTA) အနာဂတ်ညှိုနှိုင်းဆွေးနွေးပွဲများ အတွက် အထောက်အပံ့ဖြစ်သည်ဟူ၍ အေအီးအမ်နှင့် အီးယူကုန်သွယ်ရေး ကော်မရှင်နာတို့မှ ယုံကြည်နေကြသည်။
၆။ အေအီးအမ်နှင့် အီးယူကုန်သွယ်ရေး ကော်မရှင်နာတို့သည် အာဆီယံ-အီးယူ လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက် (FTA) ဆွေးနွေးပွဲများပြန်လည်စတင်နိင်ဖို့ ရှေ့ဆက်ခြေလှမ်းများကို ဆွေးနွေးခဲ့ကြသည်။ အရှိန်အဟုန်မပြတ်စေဖို့ အေအီးအမ်နှင့် အီးယူကုန်သွယ်ရေးကော်မရှင်နာ တို့သည် အနာဂတ်အာဆီယံ-အီးယူ FTA သတ်မှတ်ချက်များပါဝင်သည့် မူဘောင်တစ်ရပ်ကို ဖန်တီးထုတ်လုပ်ဖို့ အကြီးတန်းစီးပွားရေးဆိုင်ရာ အရာရှိများအား လုပ်ငန်းတာဝန်ပေးအပ်ခဲ့ပြီး နောက်လာမည့် အေအီးအမ်-အီးယူ ကုန်သွယ်ရေးကော်မရှင်နာ အစည်းအဝေးများတွင် ပြန်လည်အစီရင်ခံရမည်ဖြစ်သည်။
၇။ အေအီးအမ်နှင့် အီးယူကုန်သွယ်ရေးကော်မရှင်နာတို့သည် ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးမှုများနှင့် ပတ်သက်၍ အမြင်များဖလှယ်ခဲ့ကြသည်။ အေအီးအမ်နှင့် အီးယူကုန်သွယ်ရေး ကော်မရှင်နာတို့သည် ၂၀၁၆ ခုနှစ်တွင် ၃.၁ ရာခိုင်နှုန်းမှ ၂၀၁၇ ခုနှစ်တွင် ၃.၄ရာခိုင်နှုန်းသို့ မြင့်တက်လာဖို့ မျှော်လင့်ရသည့်ကမ္ဘာ့စီးပွားရေး ကြီးထွားဖွံ့ဖြိုးမှု တိုးတက်လာသည့်အလားအလာ ကိုလည်းမှတ်ချက်ပြုခဲ့ကြသည်။ သို့သော် မြင့်တက်လာသည့် ပြည်တွင်း လုပ်ငန်းကာ ကွယ်ရေးနှင့် ပြည်တွင်းကြည့်မူဝါဒပိုင်းရပ်တည်မှု မသေချာမရေရာသော ဂယက်ထမှုများကြောင့် သတိထားကြဖို့လည်း ပြောဆိုခဲ့ကြသည်။
၈။ အေအီးအမ်နှင့် အီးယူကုန်သွယ်ရေးကော်မရှင်နာတို့သည် ခိုင်မာသောဘက်ပေါင်းစုံပါ ကုန်သွယ်မှုစနစ် နှင့် ကမ္ဘာ့ကုန်သွယ်မှုအဖွဲ့အစည်း (WTO) များသို့ ယုံကြည်အားထားမှုကိုလည်းထပ်မံအတည်ပြုခဲ့ကြသည်။ အေအီးအမ်နှင့် အီးယူကုန်သွယ်ရေးကော်မရှင်နာတို့သည် ၂၀၁၇ ခုနှစ်ဒီဇင်ဘာလတွင် အာဂျင်တီးနားနိင်ငံ Buenos Aires တွင်ကျင်းပမည့် ၁၁ကြိမ်မြောက်ဝန်ကြီးများညီလာခံ၌ အောင်မြင်သောရလာဒ်ပေါ်ထွက် လာစေရေး ရည်စူးလုပ်ဆောင်သွားရန် ဆုံးဖြတ်ခဲ့ကြသည်။ အေအီးအမ်နှင့် အီးယူ ကုန်သွယ်ရေး ကော်မရှင် နာတို့သည် မိုက်ခရို၊ အသေစားနှင့် အလတ်စားလုပ်ငန်း (MSMEs) များကမ္ဘာ့ ကုန်သွယ်မှုတွင် တက်ကြွစွာ ပါဝင်လာနိင်စေရေး အတွက် အီလက်ထရွန်းနစ် ကုန်သွယ်မှု e-commerce ပေါ်ပေါက်လာရန် အရေးပါမှုနှင့် ပတ်သက်၍လည်း အလေးပေးပြောကြားခဲ့ကြသည်။
၉။ အေအီးအမ်နှင့် အီးယူကုန်သွယ်ရေးကော်မရှင်နာတို့သည် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အငြင်းပွားမှုများအား ဖြေရှင်းနိင်ဖို့ တစ်ခုတည်းသောအလုံးစုံ တရားစီရင်ရေးသာဓက အဖြစ်ဆောင်ရွက်နိင်မည့် ဘက်ပေါင်းစုံ (အဖွဲ့စုံ) ပါရင်းနှီးမြှုပ်နှံမှု တရားရုံးတစ်ခု ထူထောင်နိင်ရေး ပဏာမခြေလှမ်းနှင့်ပတ်သက်၍ အမြင်များဖလှယ် ခဲ့ပြီး တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့် ဤစိတ်ကူးကို စိစစ်သုံးသပ်ကြဖို့လည်း ပြောဆိုခဲ့သည်။
၁၀။ အေအီးအမ်နှင့် အီးယူကုန်သွယ်ရေးကော်မရှင်နာတို့မှာ ဖိလစ်ပိုင်နိင်ငံ မနီလာမြို့တွင်ကျင်းပမည့် ၅ ကြိမ် မြောက်အာဆီယံ-အီးယူ စီးပွားရေးထိပ်သီးအစည်းအဝေး ကျင်းပခြင်းကိုကြိုဆိုခဲ့ကြပြီး EU-ABC ၏ အမျိုး မျိုးသော လုပ်ဆောင်ချက်များမှတစ်ဆင့် အာဆီယံ-အီးယူ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဆက်ဆံရေးများ အား မြှင့်တင်ရာတွင် တက်ကြွသောအခန်းကဏ္ဍမှ ပါဝင်နေသည့်အတွက် အာဆီယံ-အီးယူ စီးပွားရေးကောင်စီ (EU-ABC) အားချီးကျူးပြောဆိုခဲ့ကြသည်။ အေအီးအမ်နှင့် အီးယူ ကုန်သွယ်ရေးကော်မရှင်နာတို့သည် EU-ABC မှပေါ် ထွက်လာသည့် ကိစ္စရပ်များနှင့် အကြံပြုချက်များကိုလည်း မှတ်ချက်ပြုပြောဆိုခဲ့ကြသည်။
အေအီးအမ်နှင့် အီးယူ ကုန်သွယ်ရေးကော်မရှင်နာ စာရင်း
၁။ H.E Dato Paduka Lim Jock Hoi အမြဲတမ်းအတွင်းဝန်၊ နိင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၊ ဘရူနိင်း ဒါရူဆလမ် (The Hon. Pehin Dato Lim Jock Seng ကိုယ်စားပြု၊ ၀န်ကြီးချုပ်ရုံးဝန်ကြီးနှင့် နိင်ငံခြားရေးနှင့် ကုန်သွယ်ရေး ဒုတိယ၀န်ကြီး၊ ဘရူနိင်းဒါရူဆလမ်)
၂။ H.E Pan Sorasak ကူးသန်းရောင်းဝယ်ရေးဝန်ကြီး၊ ကမ္ဘောဒီးယား။
၃။ H.E Cecilia Malmstrom ဥရောပ ကုန်သွယ်ရေး ကော်မရှင်နာ။
၎။ H.E Enggartiasto Lukita ကုန်သွယ်ရေးဝန်ကြီး၊ အင်ဒိုနီးရှား။
၅။ Dr. Laohoua Cheutching ညွှန်ကြားရေးမှုးချုပ်၊ စက်မှုနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ လာအို ပီဒီအာ (H.E Mrs. Khemmani Pholsena ကိုယ်စားပြု၊ စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ လာအိုပီဒီအာ)
၆။ H.E Dato’ Sri Mustapa Mohamed နိင်ငံတကာကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ မလေးရှား။
၇။ H.E Maung Maung Win စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး၊ မြန်မာ (H.E Kyaw Win ကိုယ်စားပြု၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ)
၈။ H.E Ramon M. Lopez ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး၊ ဖိလစ်ပိုင်။
၉။ H.E Lim Hng Kiang ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး (ကုန်သွယ်ရေး)၊ စင်္ကာပူ
၁၀။ H.E Mrs. Apiradi Tantraporn ကူးသန်းရောင်းဝယ်ရေးဝန်ကြီး၊ ထိုင်း။
၁၁။ H.E Tran Tuan Anh စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန၊ ဗီယက်နမ်။
၁၂။ H.E Le Luong Minh အာဆီယံအတွင်းရေးမှုးချုပ်