THIS CONTENT HAS BEEN ARCHIVED

မြန်မာနိုင်ငံ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ရာစု ပင်လုံ (ဒုတိယအစည်းအဝေး) အခါသမယတွင် ပြောရေးဆိုခွင့်ရှိသူ၏ ထုတ်ပြန်ချက်

23.05.2017
Teaser

မေလ ၂၄ ရက်နေ့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ရာစု ပင်လုံ ဒုတိယအစည်းအဝေးကို စတင်ကျင်းပခြင်းသည် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရင်ကြားစေ့ရေး တိုးတက် ဆောင်ရွက်ရန် အရေးပါသော နောက်ထပ် ခြေလှမ်းတစ်ရပ်ပင် ဖြစ်ပါသည်။

Text

မေလ ၂၄ ရက်နေ့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ရာစု ပင်လုံ ဒုတိယအစည်းအဝေးကို စတင်ကျင်းပခြင်းသည် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရင်ကြားစေ့ရေး တိုးတက် ဆောင်ရွက်ရန် အရေးပါသော နောက်ထပ် ခြေလှမ်းတစ်ရပ်ပင် ဖြစ်ပါသည်။

ညီလာခံ၏ ဤအစည်းအဝေးမှာ မကျေနပ်ချက်များကို လက်နက်ကိုင်တိုက်ခိုက်ခြင်းဖြင့် မဖြေရှင်းဘဲ ဆွေးနွေး ဖြေရှင်းရန် တက်ရောက်လာကြသူများ၏ တူညီသော အလေးအနက် ခံယူချက်အပေါ် ဆက်လက် တည်ဆောက်လျက် မြန်မာပြည်သူလူထု လိုလားတောင့်တလျက် ရှိသော ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေး၊ သာတူညီမျှ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် ပိုမိုကျယ်ပြန့်စွာ ခိုင်မာအားကောင်းစေရေး တိုးတက်မှုရရှိစေရန် အားလုံးအတူတကွ ပူးပေါင်းဆောင်ရွက်နိုင်မည့် ထူးခြားသော အခွင့်အလမ်းဖြစ်ပါသည်။

ဥရောပသမဂ္ဂသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်အတွက် တရားဝင်သက်သေ အနေဖြင့် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးသော တိုင်းရင်းသားလက်နက်ကိုင် အုပ်စုများနှင့် လက်မှတ်မရေးထိုးသော တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများ အပါအ၀င် သက်ဆိုင်သူအားလုံးအား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အများပါဝင်သော သဘောသဘာဝ ပိုမိုဆောင်စေရေး ထပ်မံ၍ ကြိုးပမ်းဆောင်ရွက်ရန်လည်းကောင်း၊ ငြိမ်းချမ်း၍ ချမ်းသာကြွယ်ဝ သော အနာဂတ်ကို ရရှိပိုင်ဆိုင်နိုင်စေရန် ညှိနှိုင်းဖြေရှင်းသော စိတ်ဓာတ်ဖြင့် အပြုသဘော အတူတကွ ပူးပေါင်း ဆောင်ရွက်ကြရန် လည်းကောင်း၊ အားပေးတိုက်တွန်းပါသည်။

အောင်မြင်မှုများစွာ ရရှိခဲ့ပြီးဖြစ်သော်လည်း ယခုအခါ ဆောင်ရွက်ရမည့် အဓိကလုပ်ငန်းတာဝန်မှာ ပဋိပက္ခ အဆုံးသတ်စေရေး ဖြစ်ပါသည်။ တိုက်ခိုက်နေကြသူအားလုံး တိုက်ခိုက်မှုများ ရပ်စဲနိုင်မည်ဆိုပါက ဤကိစ္စရပ် အတွက် လွန်စွာ အပြုသဘောဆောင်သော သင်္ကေတ ဖြစ်သည့်အပြင် ဆွေးနွေးညှိနှိုင်းရန် လမ်းဖွင့်ပေးနိုင်ပြီး နိုင်ငံအတွင်း တည်ငြိမ်မှု တိုးတက်ရရှိရေး အထောက်အကူပြုပါမည်။

ဥရောပသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရင်ကြားစေ့ရေး လုပ်ငန်းစဉ်ကို ဆက်လက်၍ ပံ့ပိုးမှုပေးပါမည်။ ဤကတိက၀တ်ကို ဥရောပသမဂ္ဂ၏ ထိပ်တန်းကိုယ်စားလှယ်/ ဒုတိယဥက္ကဌ ဖယ်ဒယ်ရီကာ မိုဂါရီနီ (High Representative/Vice-President, Federica Mogherini) က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မေလဆန်းပိုင်းက ဘရပ်ဆဲလ်မြို့သို့ ခရီးစဉ် လာရောက်စဉ် တွေ့ဆုံပွဲ၌ ထပ်လောင်းပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုတို့ ရှိမှသာ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အောင်မြင်နိုင်မည် ဖြစ်ပြီး အားလုံးအတွက် အခွင့်အလမ်းများ ဖန်တီးနိုင်လျက် ပြည်သူလူထု၏ ဘ၀နေထိုင်မှုတွင် သိသာထင်ရှားသော တိုးတက်ကောင်းမွန်မှုများကို ဖော်ဆောင်နိုင်မည် ဖြစ်ပါသည်။

Category
Statements by the Spokesperson
Location

Bruxelles

Editorial sections
EEAS
Asia
Myanmar (Burma)