THIS CONTENT HAS BEEN ARCHIVED

ရခိုင် မြောက်ပိုင်း သံတမန်ခရီးစဉ် ကြေညာချက် အောက်တိုဘာလ ၂ ရက်နေ့

02.10.2017
Teaser

ကျွန်ုပ်တို့သည် မြန်မာနိုင်ငံ အစိုးရ၏ ဖိတ်ကြားချက်အရ ယနေ့ ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ သွားရောက်ခဲ့ ကြပါသည်။ ကျွန်ုပ်တို့သည် မောင်းတောနှင့် ရသေ့တောင် ဒေသများရှိ ကျေးရွာများသို့ သွားရောက်ခဲ့ပြီး ဒေသခံ မျိုးစုံနှင့် တွေ့ဆုံခဲ့ပါသည်။

ကျွန်ုပ်တို့ အနေဖြင့် သြဂုတ်လ ၂၅ ရက်နေ့က ARSA ၏ တိုက်ခိုက်မှုများအား ရှုတ်ချကြောင်း ထပ်လောင်း ပြောကြားအပ်ပြီး ထိုအချိန်မှစ၍ ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်မှုများနှင့် လူမြောက်များစွာ နေရပ်စွန့်ခွာမှု များကို လည်း ကျွန်ုပ်တို့  အလွန်အမင်း စိုးရိမ်ပူပန်မိပါသည်။ ယခုခရီးစဉ်သည် စုံစမ်းစစ်ဆေးရေး ခရီးစဉ် မဟုတ်သလို ထိုသို့ စစုံမ်းစစ်ဆေးရန်လည်း အခြေအနေ မပေးပါ။ လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် ပတ်သက်သည့် စွပ်စွဲချက်များအား စုံစမ်းရန်မှာ ကျွမ်းကျင်ပညာရှင်များမှ ဆောင်ရွက်ရန် လိုအပ်ပါလိမ့်မည်။

Text

ကျွန်ုပ်တို့သည် မြန်မာနိုင်ငံ အစိုးရ၏ ဖိတ်ကြားချက်အရ ယနေ့ ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ သွားရောက်ခဲ့ ကြပါသည်။ ကျွန်ုပ်တို့သည် မောင်းတောနှင့် ရသေ့တောင် ဒေသများရှိ ကျေးရွာများသို့ သွားရောက်ခဲ့ပြီး ဒေသခံ မျိုးစုံနှင့် တွေ့ဆုံခဲ့ပါသည်။

မြန်မာနိုင်ငံ အစိုးရ၏ ဖိတ်ကြားမှုကြောင့် ယခုထက်တိုင် စိုးရိမ်ပူပန်မှုကြီးစွာ ခံစားနေရသည့် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ လူမှုအသိုင်းအ၀ိုင်း အားလုံးမှ လူများကို အားပေးခွင့် ရရှိခ့ပဲါသည်။

ကျွန်ုပ်တို့ အနေဖြင့် သြဂုတ်လ ၂၅ ရက်နေ့က ARSA ၏ တိုက်ခိုက်မှုများအား ရှုတ်ချကြောင်း ထပ်လောင်း ပြောကြားအပ်ပြီး ထိုအချိန်မှစ၍ ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်မှုများနှင့် လူမြောက်များစွာ နေရပ်စွန့်ခွာမှု များကို လည်း ကျွန်ုပ်တို့  အလွန်အမင်း စိုးရိမ်ပူပန်မိပါသည်။ ယခုခရီးစဉ်သည် စုံစမ်းစစ်ဆေးရေး ခရီးစဉ် မဟုတ်သလို ထိုသို့ စစုံမ်းစစ်ဆေးရန်လည်း အခြေအနေ မပေးပါ။ လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် ပတ်သက်သည့် စွပ်စွဲချက်များအား စုံစမ်းရန်မှာ ကျွမ်းကျင်ပညာရှင်များမှ ဆောင်ရွက်ရန် လိုအပ်ပါလိမ့်မည်။ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကိုင်တွယ်ရာတွင် ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်သွားမည်ဆိုသည့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏  ကတိက၀တ်ကိုလည်း ကြိုဆိုပါသည်။ ကျွန်ုပ်တို့အနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်သည့် စွပ်စွဲချက်များကိုလည်း အပြည့်အ၀ စုံစမ်းစစ်ဆေးသွားရန်နှင့် လူ့အခွင့်အရေး ချိုးဖောက်သူများကို အရေးယူဆောင်ရွက်သွားရန် မြန်မာ အာဏာပိုင်များအား တောင်းဆိုလိုက်ပါသည်။ ကုလသမဂ္ဂ အချက်အလက်ရှာဖွေေရးအဖွဲ့ကိုလည်း ရခိုင်သို့ သွားရောက်ခွင့်ပြုရန် ကျွန်ုပ်တို့ တိုက်တွန်းပါသည်။  မီးရှို့ခံထားရပြီး လူမနေတော့သည့် ရွာများကိုလည်း ကျွန်ုပ်တို့ တွေ့ရှိခ့ရဲပါသည်။ အကြမ်းဖက်မှုများကို ရပ်တန့်ရမည် ဖြစ်ပါသည်။ လုံခြုံရေး တပ်ဖွဲ့များအနေဖြင့် ရခိုင်ပြည်နယ်တွင် နေထိုင်သည့် လူအားလုံးကို ခွဲခြားမှု မရှိဘဲ ကာကွယ်ပေးရန် တာဝန်ရှိပြီး မီးရှို့ ဖျက်ဆီးမှုများကို တားဆီးကာကွယ်ရမည် ဖြစ်ပါသည်။ လုံခြုံရေး တပ်ဖွဲ့များအနေဖြင့် ကျင့်ဝတ်ကို လိုက်နာဆောင်ရွက်ရန်၊ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရက်ွရန်နှင့် အပြစ်မဲ့သည့် အရပ်သားများကို အန္တရာယ်မဖြစ်ေစရေးနှင့် အရပ်သားများအား ထိခိုက်သေကြေစေခြင်းများ မဖြစ်စေရေး အပြည့်အ၀ ဆောင်ရွက်သွားရန် ညွှန်ကြားထားသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ကြေညာချက်ကို ကျွန်ုပ်တို့  ကြိုဆိုပါသည်။ ဘင်္ဂလားဒေ့ရှ် နငိုင်သိုံ့ ထွက်ပြေး တိမ်းရှောင်သွားသည့် သိန်းနှင့်ချီသည့် ဒုက္ခသည်များ မမိေိနရပသို့ မိမိဆန္ဒအလျောက် စိတ်ချလုံခြုံစွာနှင့်  ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ရေးအတွက် အမြန်ဆုံး ဆောင်ရွက်သွားနိုင်ရန် မြန်မာနိုင်ငံ အစိုးရကိုလည်း  ကျွန်ုပ်တို့ တိုက်တွန်းပါသည်။  ကျွန်ုပ်တို့ ခရီးစဉ်အတွင်း လူသားချင်း စာနာထောက်ထားရေးဆိုင်ရာ အကူအညီများ အလွန်အမင်း လိုအပ်လျက်ရှိကြောင်း တွေ့ရှိခ့ရဲပါသည်။ ရခငြိုပညန်ယ် မြောက်ပိုင်းသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အတားအဆီးမရှိ ၀င်ရောက်နိုင်ရေးနှင့် ရခငြိုပညန်ယ်တစ်ဝှမ်း အသက်ကယ်ဝန်ဆောင်မှုများ ခွဲခြားမှုမရှိ ပြန်လည်စတင်နိုင်ရေးအတွက် ကျွန်ုပ်တို့ ထပ်မံတောင်းဆိုအပ်ပါသည်။ ကျွန်ုပ်တို့ အနေဖြင့် မီဒီယာများအား သွားရောက်ခွင့် ပြုခဲ့ခြင်းအပေါ် ကြိုဆိုပြီး သတင်းထောက်များအား ရခိုင်ပြည်နယ်၏ မည်သည့်နေရာ ဒေသမဆို အတားအဆီးမရှိ သွားရောက်ခွင့်ကိုလည်း ထပ်မံတောင်းဆိုအပ်ပါသည်။  
ကျွန်ုပ်တို့ ယခုသွားခဲ့သည့် ခရီးစဉ်အတငွ်း တွေ့ဆုံခ့သဲ ည့် ဒေသခံများကို ကိုယ်ထိလက်ရောက် တိုက်ခိုက်မှု သို့မဟုတ် မတရားဖမ်းဆီးမှုတို့ က့သဲို့ ကလ့စဲားချေမှုများ မဖြစ်စေရန်နှင့် ယင်းသို့ မဖြစ်စေရန်အတကွ် အကာအကွယ်ပေးသင့်ကြောင်း ပြည်ထောင်စုအစိုးရ၊ ပြည်နယ် အစိုးရနှင့် ရခိုင်ပြည်နယ်အာဏာပိုင်များကို အလေးထားပြောကြားခဲ့ပါသည်။  
 
ကျွန်ုပ်တို့သည် မြန်မာနိုင်ငံ၏ မိတ်ဖက်ကောင်းအနေဖြင့် ရခိုင်အရေးကိစ္စတွင် အလားအလာ ကောင်းစေရေးအတကွ် အတူလက်တွဲလုပ်ဆောင်ရန် အသင့်ရှိနေပါသည်။ ရခိုင်ပြည်နယ် အကြံပေး ကော်မရှင်သည် လူမျိုးမရွေး၊ ဘာသာမရွေးနှင့် နိုင်ငံသားမရွေး ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြသော လူမှုအသိုင်းအ၀ိုင်းအားလုံး တည်ငြိမ်အေးချမ်းပြီး၊ သာယာဝပြောသော အနာဂတ် အတကွ်  အကြံပြုချက်များကို ချမှတ်ပေးထားပြီး ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် အဆိုပါအစီရင်ခံစာအား အပြည့်အ၀ အကောင်အထည်ဖော်ရေးအတကွ် ထောက်ခံပါသည်။  
 
ကျွန်ုပ်တို့၏ ခရီးစဉ်သည် ရခိုင်ပြည်နယ်မြောက်ပိုင်း ဒေသအားလုံးသို့ မီဒီယာများအပါအ၀င် အားလုံး သွားလာနိုင်ရေးအတကွ် အရေးပေါ်လိုအပ်နေသည် လမ်းစအတကွ် ပထမခြေလှမ်း တစ်ရပ်ဖြစ်မည်ဟု မျှော်လင့်ပါသည်။    
 
အောက်တိုဘာ ၂ရက်နေ့တငွ် အစိုးရအစီအစဉ်နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းခရီးစဉ်တငွ် ပါဝင်ခဲ့ကြ သည့် သြစတြေးလျနိုင်ငံဆိုင်ရာ သံအမတ်ကြီး Nicholas Coppel၊ ကနေဒါနိုင်ငံဆိုင်ရာ သံအမတ် Karen MacArthur ၊ ချက်နိုင်ငံဆိုင်ရာ သံအမတ်ကြီး Jaroslav Dolecek၊ ဒိန်းမတ်နိုင်ငံဆိုင်ရာ သံအမတ်ကြီး Peter Lysholt Hansen ၊ ပြင်သစ်နိုင်ငံသံအမတ် Olivier Richard ၊ အင်ဒိုနီးရှားနိုင်ငံ ဆိုင်ရာသံအမတ်ကြီး Ito Sumardi အီတလီနိုင်ငံဆိုင်ရာသံအမတ်ကြီး Giorgio Aliberti ၊ နယ်သာလန်နိုင်ငံဆိုင်ရာ သံအမတ်ကြီး Wouters Jurgens၊ နယူးဇီလန်နိုင်ငံဆိုင်ရာ သံအမတ်ကြီး Steve Marshall ၊ နော်ဝေးနိုင်ငံဆိုင်ရာ သံအမတ်ကြီး Tone Tinnes၊ ဆားဗီးယားနိုင်ငံဆိုင်ရာ သံအမတ်ကြီး Miodrag Nikolin၊ ဆစ်ွဇာလန်နိုင်ငံဆိုင်ရာ သံအမတ်ကြီး Paul Seger ၊ တူရကီနိုင်ငံဆိုင်ရာ သံအမတ်ကြီး Kerem Divanlioglu၊ အမေရိကန်နိုင်ငံဆိုင်ရာ သံအမတ်ကြီး Scot Marciel ၊ အီးယူသံအမတ်ကြီးအဖြစ် ရွေးချယ်ထားခြင်းခံရသော Kristian Schmidt, ဂျာမနီနိုင်ငံ သံအမတ်အဖြစ် ရွေးချယ်ခြင်းခံထားရသော Dorothee Janetzke-Wenzel ၊ စပိန်နိုင်ငံသံရုံး ယာယီတာဝန်ခံ  Ms. Bibian Zamora Giménez ၊ ဆီဒွင်ရုံးအကြီးအကဲ Mr. Johan Hallenborg ၊ ယူကေနိုင်ငံဆိုင်ရာ ဒုတိယသံအမတ်  Mr. David Hall နှင့် ဖင်လန်နိုင်ငံဆိုင်ရာ ဒုတိယသံအမတ် Ms. Silja Rajander တို့မှ   အထက်ပါ ကြေညာချက်ကို ထုတ်ပြန်ခဲ့ ပါသည်။

Category
Joint Statements
Location

Yangon

Editorial sections
Myanmar (Burma)