THIS CONTENT HAS BEEN ARCHIVED

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေရှ့်နိုင်ငံ အစိုးရများကြား နိုင်ငံရင်းသို့ပြန်လည်ခေါ်ယူရေး နှစ်ဖက်သဘောတူညီချက် လက်မှတ်ရေးထိုးပွဲနှင့် စပ်လျဉ်း၍ အီးယူအဆင့်မြင့်ကိုယ်စားလှယ် ဖဒယ်ရီကာ မိုဂါရီနီ၏ကြေညာချက်

23.11.2017
Teaser

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေရှ့်နိုင်ငံ အစိုးရများကြား နိုင်ငံရင်းသို့ပြန်လည်ခေါ်ယူရေး နှစ်ဖက်သဘောတူညီချက် လက်မှတ်ရေးထိုးပွဲနှင့် စပ်လျဉ်း၍ အီးယူအဆင့်မြင့်ကိုယ်စားလှယ် ဖဒယ်ရီကာ မိုဂါရီနီ၏ကြေညာချက်

Text

ယနေ့ နေပြည်တော်၌ နိုင်ငံရင်းသို့ပြန်လည်ခေါ်ယူရေးသဘောတူညီမှုစာချုပ် လက်မှတ်ရေးထိုးပွဲမှာ ကျွန်မတို့ ခေတ်ကာလတွင် လူသားချင်းစာနာမှုဆိုင်ရာနှင့် လူ့အခွင့်အရေးဆိုင်ရာအဆိုးရွားဆုံး အကြပ်ရိုက်မှုတစ်ခုကို ဖြေရှင်းကိုင်တွယ်ရန် ရည်ရွယ်သောကြောင့် အရေးပါသောခြေလှမ်းတစ်ရပ် အဖြစ်ကြိုဆိုလိုက်ပါသည်။

ယခုရက်သတ္တပတ် စောစောပိုင်းတွင် ဘင်္ဂလားဒေရှ့်ဝန်ကြီးချုပ် Sheikh Hasina နှင့် ဒါကာမြို့တွင်လည်း ကောင်း၊ မြန်မာနိုင်ငံ၏နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်မြို့တို့တွင်လည်း ကောင်း တွေ့ဆုံဆွေးနွေးခဲ့ချိန်၌ ဒုက္ခသည်များအားပြန်လည်ခေါ်ယူရေး နှစ်နိုင်ငံသဘောတူညီချက်ကို အဆော တလျင်ဆောင်ရွက်ရမည့် ကိစ္စရပ်အဖြစ် လျင်မြန်စွာချုပ်ဆိုမှုပြုရန် နှစ်နိုင်ငံစလုံးသို့ အားပေးတိုက်တွန်းခဲ့ပါ သည်။ထိုသို့ရေးထိုးရန် ၎င်းတို့နှစ်ဦး၏ နှစ်မြှုပ်အားထုတ်မှုကြောင့် ဤသို့အရေးပါသော ရလာဒ်ထွက်ရှိလာ သည့်အတွက် ကျွန်မအနေဖြင့် ကျေနပ်အားရမိပါသည်။

ယနေ့ချုပ်ဆိုလိုက်သည့် သဘောတူစာချုပ်များအား အချိန်မဆိုင်းဘဲ အကောင်အထည်ဖော်ကာ ဒုက္ခသည်များ မိမိတို့ဆန္ဒအလျောက် လုံခြုံစွာ၊ ဂုဏ်သိက္ခာရှိရှိဖြင့် ၎င်းတို့၏ဇာတိမြေသို့ ပြန်လာနိုင်ရေး အတွက် မြန်မာနိုင်ငံ အနေဖြင့် လက်တွေ့ပြင်ဆင်မှုများ ဆောင်ရွက်ထားမည်ဟူ၍ ကျွန်မတို့အနေဖြင့် မျှော်လင့်မိပါသည်။ ဥရောပ သမဂ္ဂအနေဖြင့် နိုင်ငံတကာဥပဒေနှင့် အညီပြည့်ဝစွာလိုက်နာ၍ ၎င်းတို့အကောင်အထည်ဖော်ဆောင်ရွက်မှုကို ဂရုတစိုက်စောင့်ကြည့်သွားမည်ဖြစ်ပြီး လူသားချင်းစာနာမှုအကူအညီများ အကန့်အသတ်မရှိဘဲ ပြည့်ပြည့်ဝဝ၊ နှောင့်နှေးကြန့်ကြာခြင်းမရှိ၊ ပြန်လည်ရရှိစေရေး အတွက်လည်း ထပ်မံတောင်းဆိုလိုက်ရပါသည်။

ဥရောပသမဂ္ဂအနေဖြင့် နိုင်ငံရေးအရပြည့်ဝစွာပြင်ဆင်ထားလျက်ရှိပြီး ယခုအကြပ်ရိုက်မှုအား တာရှည်ခံဖြေရှင်း ချက်တစ်ခုပေါ်ထွက်လာစေဖို့ လူသားချင်းစာနာမှုအကူအညီများပံ့ပိုးကူညီပေးကာ၊ ဤသို့ဆောင်ရွက်ရာ၌နှစ် နိုင်ငံစလုံးလို့ ထပ်မံပံ့ပိုးကူညီမှုများပေးသွားရန် အသင့်ရှိနေပါသည်။ ထို့ကြောင့် ရခိုင်ပြည်နယ်အကြံပေးကော် မရှင်၏ အကြံပြုချက်များကိုလည်း လျင်မြန်စွာအကောင်အထည်ဖော်လိမ့်မည်ဟူ၍လည်း ကျွန်မတို့အနေဖြင့် မျှော်လင့်လျက်ရှိပါသည်။

Category
Statements by the HR/VP
Location

ဘရပ်ဆဲလ်

Editorial sections
EEAS
Asia
Bangladesh
Myanmar (Burma)
Japan