မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသတွင် ရေအရင်းအမြစ်များပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ရန်အတွက် ရန်ပုံ ငွေထပ်မံပံ့ပိုးပေးခြင်း

ဥရောပသမဂ္ဂ၏ ယူရိုငွေသန်း ၂၀ ထပ်မံပံ့ပိုးပေးမှုမှာ မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသတွင် ရေအရင်း အမြစ်များ ကောင်းမွန်စွာ စီမံခန့်ခွဲ၍ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၏ ထုတ်လုပ်မှုစွမ်းအားမြင့်မားစေရန် အတွက် အထောက်အကူပြုသွားမည်ဖြစ်သည်။
ဆည်မြောင်းစနစ်စိုက်ပျိုးရေး ဘက်စုံဖွံ့ဖြိုးမှုစီမံကိန်း (IAIDP) မှာအညာဒေသရှိ ကျေးလက်နေပြည်သူတို့၏ လူနေမှု အဆင့်အတန်းများတိုးတက်ကာ ဝင်ငွေပိုမိုရရှိစေရန်ရည်ရွယ်ခြင်းဖြစ်သည်။ အဆိုပါယူရိုငွေ သန်း ၂၀ မှာ တောင်သူလယ်သမားများအနေဖြင့် ဆည်မြောင်များဖြင့်ရေပေးဝေမှုကွန်ယက်များ ပိုမိုထိရောက် အောင်ဆောင်ရွက်နိုင်ဖို့၎င်းတို့ကို စွမ်းဆောင်ရည်ကိုမြှင့်တင်ပေးခြင်း၊ ရေအရင်းအမြစ်များကိုပိုမိုကောင်းမွန် စွာစီမံခန့်ခွဲနိုင်ရေး၊ ပတ်ဝန်းကျင်နှင့်လျော်ညီမှုရှိမည့် စိုက်ပျိုးရေးအလေ့အထများကို အသုံးပြုလာစေရေးနှင့် ၎င်းနေရာဒေသရှိမြေဧက ၉၀၀၀၀ တွင် အမျိုးစုံလင်စွာစိုက်ပျိုးထုတ်လုပ်နိုင်ရေး စသည်တို့အတွက် အသုံး ပြုမည်ဖြစ်ပါသည်။ ဤစီမံကိန်းမှာ နောက်လာမည့်ခုနှစ်နှစ်အတွင်း အထက်ပါရည်မှန်းချက်များပြည့်မီ စေရန်အတွက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ မြန်မာ့ဆည်မြောင်းနှင့်ရေ အသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနသို့ ပံ့ပိုးမှုပေးသွားမည်ဖြစ်သည်။
အဆိုပါအီးယူ၏ပံ့ပိုးငွေအပြင် ဤစီမံကိန်းအား ပြင်သစ်ဖွံ့ဖြိုးမှုအေဂျင်စီ၊ အာရှဖွံ့ဖြိုးရေးဘဏ်နှင့် မြန်မာ နိုင်ငံအစိုးတို့မှလည်း ပူးတွဲငွေကြေးမြှုပ်နှံပေးကြမည်ဖြစ်သည်။ ယခုပံ့ပိုးခွင့်ပြုငွေမှာ ရာသီဥတုပြောင်းလဲ ရေးနှင့် အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုများအပေါ် အလေးပေးထားသော ဒေသတွင်းပေါင်းစည်းပံ့ပိုးမှုအင်္ဂါရပ် တစ်ခုဖြစ်သည့် အာရှရင်းနှီးမြှုပ်နှံမှုအင်္ဂါရပ် (Asia Investment Facility) AIF မှတစ်ဆင့်ထောက်ပံ့ကူညီ ခြင်းဖြစ်ပါသည်။