THIS CONTENT HAS BEEN ARCHIVED

၂၀၁၇ ခုနှစ် ဒီဇင်ဘာ၁၀ရက်နေ့တွင် ကျရောက်သည့်လူ့အခွင့်အရေးနေ့ အခမ်းအနား၌ ဥရောပသမဂ္ဂ၏ကိုယ် စား အဆင့်မြင့်ကိုယ်စားလှယ် ဖဒယ်ရီကာ မိုဂါရီနီ၏ ကြေညာချက်

10.12.2017
Teaser

ဥရောပ၌ နာကျင်ဖွယ်ရာကောင်းသော သွေးကွဲမှုများနှင့် ဥရောပနိုင်ငံများစွာတို့တွင် ကျူးကျော်သိမ်းပိုက်မှုများ၊ ပျက်စီးထိခိုက်မှုများစွာဖြစ်ပေါ်စေခဲ့သည့် ဒုတိယကမ္ဘာစစ်ကြီး ပြီးသည့်နောက် ၁၉၄၈ ခုနှစ်တွင် နိုင်ငံတကာ အသိုင်းအဝိုင်းမှ လူ့အခွင့်အရေးများကို ဖော်ထုတ်သတ်မှတ်ကာ မြှင့်တင် ကာကွယ်စောင့် ရှောက်သွားဖို့ သံန္နိဌာန်ပြုခဲ့ကြပါသည်။ ဒီဇင်ဘာလ ၁၀ ရက်နေ့ဆိုလျှင် ကျွန်ပ်တို့ကျင်းပကြသည့်အပြည်ပြည်ဆိုင်ရာလူ့အခွင့် အရေး ကြေညာစာတမ်းမှာ ဘုံတူညီမှုရှိသော ဤလူ့အခွင့်အရေးဆိုင်ရာ မူများကို မြှုပ်နှံထားခဲ့ပြီး ၎င်းတို့မှာ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာလွှမ်းမိုးမှုရှိခဲ့ပါသည်။ သို့သော် နှစ်ပေါင်းခုနှစ်ဆယ်နီးပါး ကုန်ဆုံးခဲ့ပြီဖြစ် သော်လည်း ကမ္ဘာတစ်ဝှမ်းတွင် လူ့အခွင့်အရေးများကို ကာကွယ်စောင့် ရှောက်သွားမည်ဆိုသည့် အထက်ပါ ကတိကဝတ်များကို ယနေ့အချိန်ထိ ပြည့်ဝစွာလိုက်နာဖို့ ကျွန်ပ်တို့ဝေးကွာနေဆဲပင်ဖြစ်ပြီး ထိုသို့လိုက်နာနိုင်ဖို့ နိုင်ငံအားလုံးတို့အနေဖြင့် ထပ်မံကြိုးစားကြရမည်ဖြစ်ကြောင်း ကျွန်ပ်တို့အနေဖြင့် အသိအမှတ်ပြုလိုက်ပါသည်။

Text

ဥရောပ၌ နာကျင်ဖွယ်ရာကောင်းသော သွေးကွဲမှုများနှင့် ဥရောပနိုင်ငံများစွာတို့တွင် ကျူးကျော်သိမ်းပိုက်မှုများ၊ ပျက်စီးထိခိုက်မှုများစွာဖြစ်ပေါ်စေခဲ့သည့် ဒုတိယကမ္ဘာစစ်ကြီး ပြီးသည့်နောက် ၁၉၄၈ ခုနှစ်တွင် နိုင်ငံတကာ အသိုင်းအဝိုင်းမှ လူ့အခွင့်အရေးများကို ဖော်ထုတ်သတ်မှတ်ကာ မြှင့်တင် ကာကွယ်စောင့် ရှောက်သွားဖို့ သံန္နိဌာန်ပြုခဲ့ကြပါသည်။ ဒီဇင်ဘာလ ၁၀ ရက်နေ့ဆိုလျှင် ကျွန်ပ်တို့ကျင်းပကြသည့်အပြည်ပြည်ဆိုင်ရာလူ့အခွင့် အရေး ကြေညာစာတမ်းမှာ ဘုံတူညီမှုရှိသော ဤလူ့အခွင့်အရေးဆိုင်ရာ မူများကို မြှုပ်နှံထားခဲ့ပြီး ၎င်းတို့မှာ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာလွှမ်းမိုးမှုရှိခဲ့ပါသည်။ သို့သော် နှစ်ပေါင်းခုနှစ်ဆယ်နီးပါး ကုန်ဆုံးခဲ့ပြီဖြစ် သော်လည်း ကမ္ဘာတစ်ဝှမ်းတွင် လူ့အခွင့်အရေးများကို ကာကွယ်စောင့် ရှောက်သွားမည်ဆိုသည့် အထက်ပါ ကတိကဝတ်များကို ယနေ့အချိန်ထိ ပြည့်ဝစွာလိုက်နာဖို့ ကျွန်ပ်တို့ဝေးကွာနေဆဲပင်ဖြစ်ပြီး ထိုသို့လိုက်နာနိုင်ဖို့ နိုင်ငံအားလုံးတို့အနေဖြင့် ထပ်မံကြိုးစားကြရမည်ဖြစ်ကြောင်း ကျွန်ပ်တို့အနေဖြင့် အသိအမှတ်ပြုလိုက်ပါသည်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းအား ၁၉၄၈ခုနှစ် ဒီဇင်ဘာ၁၀ရက်နေ့၌ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံ၌ သဘောကွဲလွဲမှုမရှိဘဲ သဘောတူလက်မှတ်ရေးထိုးခဲ့ကြပါသည်။ ယခုနှစ်လူ့အခွင့်အရေး နေ့မှာ ၂၀၁၈ခုနှစ်တွင်ကျရောက်မည့် နှစ်၇၀ပြည့်အခမ်းအနားကိုကျင်းပဖို့ တစ်နှစ်တာ စည်းရုံးလှုံ့ဆော်ပွဲကို စတင်သည့်အမှတ်လက္ခဏာဖြစ်ပါသည်။ ၎င်းနှစ်ပတ်လည်အခမ်းအနားအတွက် ကျွန်ပ်တို့ပြင်ဆင်နေကြသော် လည်း ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများစွာတို့တွင် အခွင့်အရေးများ၊ လွတ်လပ်ခွင့်များမှာ စိန်ခေါ်မှုများနှင့် ဆက်လက် ကြုံတွေ့ နေကြရရုံသာမက အရပ်ဖက်လူမှုအဖွဲ့ အစည်းများအတွက် နယ်ပယ်မှာလည်း ဆက်လက်ကျုံ့ဝင် လျက်ရှိနေဆဲပင်ဖြစ်သည်။

ဥရောပသမဂ္ဂအနေဖြင့် ကနဦးအစကပင် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်မှုကို ကျွန်ပ်တို့ရဲ့ပြည်တွင်း ပြည်ပ မူဝါဒများချမှတ်ဆောင်ရွက်ရာ၌သာမက ကျွန်ပ်တို့သမဂ္ဂ၏ အခြေခံအုတ်မြစ်အဖြစ်ပါ သတ်မှတ်ထားရှိ ခဲ့တာဖြစ်ပါသည်။ ကျွန်ပ်တို့အနေဖြင့် အရပ်ဖက်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အ ရေးများအကြား ခြားနားခြင်းမရှိဘဲ လူ့အခွင့်အရေးမှန်သမျှတို့မှာ နေရာတကာမှာရှိရမှာဖြစ်သလို ခွဲခြားမှုမရှိ တစ်ခုနှင့်တစ်ခု မှီတည်နေရမည်ဟူ၍ ယူဆသတ်မှတ်ထားပါသည်။ အီးယူအနေဖြင့် မိမိ၏ နယ်နိမိတ်အတွင်း ၌ဖြစ်စေ၊ နယ်နိမိတ်ပြင်ပ၌ဖြစ်စေ လူအခွင့်အရေးများ ချိုးဖောက်ခြင်း၊ သံသယဖြစ်ခြင်းခံရသည့် အခါတိုင်း လူ့အခွင့်အရေးများကို ကမ္ဘာ့နေရာအနှံ့၌ ရရှိခံစားနိုင်စေဖို့ ဆက်လက်၍ ကာကွယ်မြှင့်တင်သွားမည် ဆိုသည့် သံန္နိဌာန်ကို ထပ်လောင်းချမှတ်သွားမည်ဖြစ်ပါသည်။

ကမ္ဘာနေရာအနှံ့ရှိ နိုင်ငံများစွာတို့၌ လူ့အခွင့်အရေးအကာအကွယ်ပေးသူများမှာ ဖိအားနှင့်ခြိမ်းခြောက်မှုများကို ဆထက်တံပိုးတိုး၍ ရင်ဆိုင်နေကြရသည့်အတွက် ဥရောပသမဂ္ဂအနေဖြင့် လူ့အခွင့်အရေးအတွက်ရပ်တည်နေ ကြသည့်သူများဘက်မှနေ၍ နေစဉ်နှင့်အမျှ ရပ်တည်ပေးသွားမည်ဖြစ်ပါသည်။ ကျွန်ပ်တို့အနေဖြင့် ၎င်းတို့အား ဂုဏ်ယူလေးစားရုံသာမက ၎င်းတို့၏ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ကိုလည်းတက်ကြွစွာပံ့ပိုးပေးလျက် ရှိပြီး ဆက်လက်၍လည်း ထိုသို့ပံ့ပိုးပေးသွားဦးမည်ဖြစ်ပါသည်။ လူ့အခွင့်အရေးမှန်သမျှတို့ကို ပြည့်ဝစွာလေးစား လိုက်နာခြင်းမှာ ဒီမိုကရေစီနည်းကျ၍ ဒဏ်ခံနိုင်ရည်ရှိသော မည်သည့်လူ့ဘောင်အဖွဲ့အစည်းအတွက် သာလျှင် မကဘဲ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု၊ လုံခြုံမှုနှင့် ကာလရှည်ငြိမ်းချမ်းမှုတို့အတွက် ကြိုတင်ရှိထားရမည့် အခြေအနေ တစ်ရပ် (သတ်မှတ်ချက်တစ်ခု)ပင်ဖြစ်ပါသည်။

ကမ္ဘာ့ကုလသမဂ္ဂမှသည် နိုင်ငံတကာရာဇဝတ်ခုံရုံး၊ ဥရောပကောင်စီစသည်ဖြင့် ဒေသတွင်းအဖွဲ့အစည်းများ အထိ အဖွဲ့များစွာ/နိုင်ငံများစွာပါဝင်သည့် စနစ်တစ်ရပ်ကို လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးမဏ္ဍိုင်တစ်ခု အနေဖြင့်သတ်မှတ်ကာ အီးယူမှာ မြဲမြံခိုင်မာမှုအရှိဆုံး ပံ့ပိုးအားပေးသူအဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ် ပါသည်။ ၎င်းအဖွဲ့အစည်းများ၏ ထိရောက်မှုနှင့် အမြင့်မားဆုံးသော တော်ဖြောင့်မှန်ကန်မှုစံများနှင့်အညီဖြစ်နေ စေဖို့ အာမခံရမည်မှာ ကျွန်ပ်တို့၏ဘုံတာဝန်ပင်ဖြစ်ပါသည်။

၂၀၁၇ ခုနှစ် လူ့အခွင့်အရေးနေ့ အခါသမယ၌ ဥရောပသမဂ္ဂနှင့် ၎င်း၏အဖွဲ့ဝင်နိုင်ငံများမှာ ကမ္ဘာ့ကုလသမဂ္ဂ နှင့် အခြားများစွာသောအဖွဲ့အစည်းများနှင့်ပူးပေါင်းကာ လူ့အခွင့်အရေးအတွက်ရပ်တည်ကြဖို့ နိုင်ငံများနှင့်လူအား လုံးတို့ကို တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။ အီးယူအဖွဲ့ဝင်နိုင်ငံများ၊ ဌာန/အဖွဲ့အစည်းများ၊ အီးယူ လူ့အခွင့် အရေး ဆိုင်ရာ အထူးကိုယ်စားလှယ် Stavros Lambrinidis နှင့် အီးယူသံကိုယ်စားလှယ်အဖွဲ့များမှာ လူ့အခွင့်အရေးနေ့ ကိုတူယှဉ်ကာ ဆင်နွှဲ၍ လူ့အခွင့်အရေးအတွက်ရပ်တည်နေကြသူ၊ လူ့အခွင့်အရေးကို ကာကွယ်ဖို့ ရုန်းကန်လှုပ်ရှားနေကြသူ အပေါင်းတို့အတွက် ဆက်လက်၍ ကျွန်ပ်တို့ ရပ်တည်ပေးသွားကြ မည်ဖြစ်ပါသည်။

Category
Statements on behalf of the EU
Location

Bruxelles

Topics
EU information in Russian
Human Rights & Democracy
Editorial sections
EEAS
Angola
Benin
Botswana
Burkina Faso
Burundi
Cabo Verde
Cameroon
Central African Republic
Comoros
Congo (Brazzaville)
Djibouti
DR Congo (Kinshasa)
Equatorial Guinea
Eritrea
Ethiopia
Gabon
Gambia
Ghana
Guinea
Guinea-Bissau
Côte d'Ivoire
Kenya
Lesotho
Liberia
Madagascar
Malawi
Mali
Mauritania
Mauritius
Mayotte
Mozambique
Namibia
Niger
Nigeria
Rwanda
Sao Tome and Principe
Senegal
Seychelles
Sierra Leone
Somalia
South Africa
South Sudan
Sudan
Eswatini
Tanzania
Tchad
Togo
Uganda
Zambia
Zimbabwe
Afghanistan
Bangladesh
Bhutan
Brunei Darussalam
Cambodia
China
Hong Kong
India
Indonesia
Japan
Lao PDR
Macao
Malaysia
Maldives
Mongolia
Myanmar (Burma)
Nepal
North Korea
Pakistan
Philippines
Singapore
South Korea
Sri Lanka
Taiwan
Thailand
Türkiye
Vietnam
Albania
Armenia
Azerbaijan
Belarus
Central Asia
Kazakhstan
Kyrgyz Republic
Tajikistan
Turkmenistan
Uzbekistan
Georgia
Moldova
Russia
Ukraine
Iceland
Kosovo*
Norway
Overseas Countries and Territories (OCTs)
Serbia
Switzerland
North Macedonia
Western Balkans
Western Europe
Latin America & the Caribbean
Antigua and Barbuda
Argentina
Bahamas
Barbados
Belize
Bolivia
Brazil
Chile
Colombia
Costa Rica
Cuba
Dominica
Dominican Republic
Ecuador
El Salvador
Grenada
Guatemala
Guyana
Haiti
Honduras
Jamaica
Mexico
Nicaragua
Panama
Paraguay
Peru
Saint-Kitts and Nevis
Saint-Lucia
Saint-Vincent and the Grenadines
Suriname
Trinidad and Tobago
Uruguay
Venezuela
Middle East & North Africa (MENA)
Algeria
Bahrain
Egypt
Iran
Iraq
Israel
Jordan
Kuwait
Lebanon
Libya
Morocco
Oman
Palestine (*) - Occupied Palestinian Territory, West Bank and Gaza Strip
Qatar
Saudi Arabia
Syria
Tunisia
United Arab Emirates
Yemen
Canada
United States of America
Australia
Cook Islands
Fiji
Kiribati
Marshall Islands
Micronesia
Nauru
Aotearoa New Zealand
Niue
Palau
Papua New Guinea
Samoa
Solomon Islands
Timor-Leste
Tonga
Tuvalu
Vanuatu
United Nations (UN)
EU information in Russian
Human Rights & Democracy
UN Rome
Association of Southeast Asian Nations (ASEAN)
Africa
Asia
Europe and Central Asia
Bosnia and Herzegovina
Montenegro
Andorra
Liechtenstein
Monaco
San Marino
Vatican City and the Holy See
African Union (AU)
Gulf Cooperation Council (GCC)
Organisation for Security&Co-operation in Europe (OSCE)
Paris - OECD and UN
UN Geneva
UN New York
UNESCO
Union for the Mediterranean (UfM)
Vienna - International Organisations
World Trade Organization (WTO)