THIS CONTENT HAS BEEN ARCHIVED

Let’s talk justice! တရားမျှတစွာ စီရင်မှုအကြောင်းပြောကြပါစို့၊ မြန်မာနိုင်ငံတွင်း တရားမျှတမှုကိုပိုမိုရရှိ နိုင်စေဖို့ ရှေ့နေများ၊ ပညာရှင်များနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများကို အီးယူမှ အတူတကွစုဝေး ခေါ် ဆောင်ခဲ့ပါသည်။

09.12.2017
Teaser

မြန်မာနိုင်ငံ၏ တရားစီရင်မှုစနစ်နှင့် ပူးတွဲ ဆောင်ရွက်ရာတွင် ၎င်းတို့၏အတွေ့အကြုံများကို ဖလှယ်ဆွေး နွေးနိုင်ရန်နှင့် တရားမျှတစွာစီရင်မှု ပိုမိုရရှိစေ နိုင်မည့်နည်းလမ်းများကို ဖော်ထုတ်နိုင်ဖို့ ရှေ့နေများ၊ ဒေသန္တ ရ၊ နိုင်ငံတကာမှဥပဒေ ပညာရှင်များနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်များမှာ ၂၀၁၇ခုနှစ် ဒီဇင်ဘာ ၇-၈ ရက် နေ့ တို့၌ရန်ကုန်မြို့၌ အတူတကွစုဝေးရောက်ရှိလာခဲ့ကြပါသည်။

Main Image
Text

မြန်မာနိုင်ငံ၏ တရားစီရင်မှုစနစ်နှင့် ပူးတွဲ ဆောင်ရွက်ရာတွင် ၎င်းတို့၏အတွေ့အကြုံများကို ဖလှယ်ဆွေး နွေးနိုင်ရန်နှင့် တရားမျှတစွာစီရင်မှု ပိုမိုရရှိစေ နိုင်မည့်နည်းလမ်းများကို ဖော်ထုတ်နိုင်ဖို့ ရှေ့နေများ၊ ဒေသန္တ ရ၊ နိုင်ငံတကာမှဥပဒေ ပညာရှင်များနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်များမှာ ၂၀၁၇ခုနှစ် ဒီဇင်ဘာ ၇-၈ ရက် နေ့ တို့၌ရန်ကုန်မြို့၌ အတူတကွစုဝေးရောက်ရှိလာခဲ့ကြပါသည်။ ယခု Let’s talk justice မိတ်ဖက်ဖို ရမ်မှာ ပြည်သူလူထုနှင့် လူထုအသိုင်းအဝိုင်းများကြား၎င်းတို့၏ရပိုင်ခွင့်များနှင့် ၎င်းရပိုင်ခွင့်များကို ကာကွယ် စောင့် ရှောက်နိုင်မည့်နည်းလမ်းများ ကိုပိုမိုသိရှိလာစေရေး အတွက်ရည်ရွယ်၍ ဥရောပသမဂ္ဂမှ ငွေကြေးပံ့ပိုးပေး ထားသည့် MyJustice လေးနှစ်တာအစီအစဉ်မှ စီစဉ်ကျင်းပပေးခြင်းဖြစ်ပါသည်။ ဤကျွန်ပ်၏တရားမျှ တမှု MyJustice စီမံကိန်းမှာ ဒေသန္တရလူထုအသိုင်းအဝိုင်းများအတွက် တရားရေး/ဥပဒေရေးရာအကူအညီ နှင့် ဆွေးနွေးအကြံပြုချက်များကို အခမဲ့ပေးနေသည့် “တရားမျှတမှုဌာန” အချို့ကိုလည်း ဖွင့်လှစ်ပေးထား လျက်ရှိပါသည်။

ဤ MyJustice စီမံကိန်းမှာ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ကာ အိမ်တွင်းအကြမ်း ဖက်မှု၊ ကျား/မအခြေပြုအကြမ်းဖက်မှုများ၊ ဆိုးသွမ်းလူငယ်များဆိုင်ရာတရားစီရင်ရေး၊ လိင်တူဆက်ဆံ သူများ၏အခွင့်အရေး၊ လယ်မြေ၊ အိမ်ယာ ပိုင်ဆိုင်မှုအခွင့်အရေးများ၊ နိုင်ငံသားအခွင့်အရေး၊ အလုပ်သမား နှင့်အလုပ်အကိုင်အခွင့်အရေးများ စသည့်ကျယ်ပြန့်များပြားလှသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရန်ကုန်၊ မွန်၊ ရှမ်း၊ မန္တလေး၊ ကရင်နှင့် ပဲခူးတို့တွင် ဥပဒေနှင့်အသက်မွေးဝမ်းကျောင်းပြုနေကြသည့် သူများနှင့်ပါ ချိတ်ဆက်၍ ဆောင်ရွက်နေခြင်းဖြစ်ပါသည်။ ရန်ကုန်မြို့တွင်ကျင်းပသည့် ဤ Let’s talk Justice မိတ်ဖက် ဖိုရမ်မှာ ပါဝင်နေသည့်မိတ်ဖက်အဖွဲ့များအနေဖြင့် မြန်မာနိုင်ငံတွင် အခွင့်အလမ်းအနည်းပါးဆုံးသော လူ့အသိုင်းအဝိုင်းအချို့တို့အပေါ် တရားဥပဒေ ဆိုင်ရာ လုပ်ပိုင်ခွင့်ကို ပိုမိုအပ်နှင်းပေးနိုင်ရန်အတွက် ကြိုး ပမ်းအားထုတ်ရာတွင် မိမိတို့သိရှိထားသည်များကို ပြန်လည်ဝေမျှခြင်း၊ တစ်ဦးနှင့်တစ်ဦးထံမှ ပြန်လည် လေ့လာသင်ယူခြင်းများ ဆောင်ရွက်နိုင်ဖို့ အခွင့်အလမ်းတစ်ခုဖန်တီးပေးထားခြင်းဖြစ်ပါသည်။

MyJustice နှင့်ပတ်သက်၍ ပိုမိုသိရှိနိုင်ဖို့ ဤ video ကိုကြည့်ပါ။

 

Post category
News stories
Editorial sections
Myanmar (Burma)