၂၀၁၈ ခုနှစ် Schuman Awards လူ့အခွင့်အရေးဆု အမည်စာရင်းတင်သွင်းရန် ဖိတ်ခေါ်

ဥရောပသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများသည် ၂၀၁၈ ခုနှစ် Schuman Awards လူ့အခွင့်အရေးဆု အတွက် အမည်စာရင်းတင်သွင်းရန် ဖိတ်ခေါ်နေပြီ ဖြစ်ပါသည် ။ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးသည် လွန်ခဲ့သည့် (၁၂)လတာကာလတွင်း မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်မှုများ ကိုကာကွယ်ရေး ၊ မြှင့်တင်ရေးတို့အတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသူများကို 2018 Schuman Awards ချီးမြှင့်မည် ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်း၏ နှစ် (၇၀) ပြည့်အထိမ်းအမှတ်အဖြစ် ကျင်းပမည် ဖြစ်ပါသည် ။
Schuman Awards ဆုများသည် ယခင် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဟောင်းနှင့် ဥရောပသမဂ္ဂဖွဲ့စည်းတည်ထောင်ရေးအတွက် ပါဝင်ကူညီခဲ့သည့် ရှေ့ဆောင်လမ်းပြ ပုဂ္ဂိုလ်တစ်ဥိး ဖြစ်သည့် Robert Schuman ၏ အမည်ကို အစွဲပြု၍ ပေးထားခြင်ဖြစ်ပါသည် ။ Schuman Awards ဆုများကို ၂၀၁၇ ခုနှစ်တွင် Rome Treaty နှစ် (၆၀) ပြည့် အထိမ်းအမှတ်အဖြစ် ဒီမိုကရေစီ ၊ တရားဥပဒေစိုးမိုးရေး ၊ လူ့အခွင့်အရေးနှင့် မတူညီကွဲပြားမှုများကို လက်ခံနိုင်မှုတို့ကို မြှင့်တင်ပေးရာတွင် ထူးချွန်ပြောင်မြောက်စွာ ဆောင်ရွက်ခဲ့ကြသည့် မြန်မာနိုင်ငံမှ လူပုဂ္ဂိုလ်များကို ချီးမြှင့်ခဲ့ပါသည် ။ ပထမအကြိမ် Schuman Awards ဆုများကို အမျိုးသားဒီမိုကရေစီချုပ်မှ ရှေ့နေ ဦးကိုနိ (ကွယ်လွန်) ၊ ငြိမ်းဖောင်ဒေးရှင်းမှ ဒေါ်ဂျာနန်းလတော် ၊ Equality Myanmar မှ အမှုဆောင်ညွှန်ကြားရေးမှုး ဥိးအောင်မျိုးမင်းတို့မှ ရရှိခဲ့ကြပါသည် ။
၂၀၁၈ ခုနှစ် Schuman Awards အတွက် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများမှ အမည်စာရင်းပေးပို့နိုင်ပြီ ဖြစ်ပါသည် ။ အမည်စာရင်းပေးပို့ရာတွင် အမည်စာရင်းတင်သွင်းလွှာကို
DELEGATION-MYANMAR-PRESS-AND-INFORMATION@eeas.europa.eu သို့ အီးမေလ်းဖြင့် ပေးပို့နိုင်ပါသည် ။
လျှောက်လွှာပိတ်ရက်မှာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ (၄) ရက်နေ့ ဖြစ်ပြီး နောက်ကျပြီးမှ ရောက်ရှိလာသည့်အမည်စာရင်းများကို ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ ။
Schuman Awards ဆုများကို ၂၀၁၈ ခုနှစ် မတ်လ (၁၅) ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ ဥရောသမဂ္ဂသံအမတ်ကြီး မှ တည်ခင်းကျင်းပမည့် အခမ်းအနားတွင် ပေးအပ်သွားမည် ဖြစ်ပါသည် ။