မြန်မာနိုင်ငံ၏ ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၄ ခုတွင် ၉ ခုမှာ မြေမြှုပ်မိုင်းများဖြင့် ညစ်ညမ်းနေဆဲဖြစ် သောကြောင့် အရေးယူဆောင်ရွက်ဖို့အချိန်ရောက်ပြီဖြစ်သည်
ဆယ်စုနှစ်များစွာ ပဋိပက္ခများဖြစ်ပွားခဲ့မှုကြောင့် မြန်မာနိုင်ငံပြည်နယ်/တိုင်းဒေသကြီး ၁၄ခုတွင် ၉ ခုမှာ စစ်သည် ချေမှုန်းရေးမိုင်းများဖြင့် အလွန်အမင်းညစ်ညမ်းနေဆဲဖြစ်ပြီး ၎င်းဒဏ်ခံရသည့် ဒေသ များ၏ လူမှု-စီးပွားဖွံ့ဖြိုးမှု အပေါ် ဆိုးရွားလှသည့်သက်ရောက်မှုများဖြစ်ပေါ်စေလျက်ရှိပါသည်။ အမှန်စစ်စစ် မြေမြှုပ်မိုင်းအများစုမှာ အရပ် သားများ၊ မိုင်းညစ်ညမ်းကွင်းများ၌ အသက်အန္တရာယ် စွန့်စားကာ မဖြစ်မနေ သီးနှံစိုက်ပျိုးကြရသည့် တောင်သူ များရှိသည့် ကျေးလက်နေလူထုအသိုင်း အဝိုင်းစသည်တို့ကို နစ်နာထိခိုက်စေပါသည်။ မိုင်းဒဏ်ရာကြောင့် ဒုက္ခိတဖြစ်သွားကြသည့် ခံ ရသူအများစုမှာ ၎င်းတို့၏အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို စွန့်လွှတ်ဖို့ဖြစ်လာ သောကြောင့် မြေမြှုပ်မိုင်းပေါက်ကွဲမှုမှ အသက်ရှင်ကျန်ရစ်သူများ၊ ၎င်းတို့၏မိသားစုများမှာအထူးသဖြင့် ဆင်းရဲမှု ဒဏ်ကိုခံနေကြရပါသည်။ ၂၀၁၆/၁၇ ခုနှစ်တွင်မြန်မာနိုင်ငံ မိုင်းဒဏ်ခံရသူလေးဦး၌ တစ်ဦးမှာကလေးဖြစ်သော ကြောင့် မြေမြှုပ်မိုင်းများမှာ အထူးသဖြင့် ကွင်းထဲ၌ဆော့ကစားနေကြသည့် ကလေးသူငယ်များ ကျောင်းသွား ကျောင်းပြန်သွားလာနေကြသည့် ကျောင်းသားများအတွက် အန္တရာယ်ဖြစ်စေပါသည်။ ပဋိပက္ခအဆုံးသတ်၍ ကာလကြာမြင့်သည်တိုင် ဒုက္ခသည်နှင့် ပြည်တွင်း၌နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများအနေဖြင့် ၎င်းတို့၏လုပ်ငန်း များပြန်လည်လုပ်ကိုင်ကာစီးပွားရေးဖွံ့ဖြိုးမှုရရှိဖို့၊ ကျောင်း၊ဆေးရုံများသွားရောက်နိုင်ဖို့အတွက်ပင် မြေမြှုပ်မိုင်း များက ဟန့်တားနှောင့်ယှက်လျက်ရှိနေပါသည်။
ဥရောပသမဂ္ဂနှင့် UNICEF မြန်မာတို့မှ ဒေသခံလူထုအသိုင်းအဝိုင်းများအကြား မြေမြှုပ်မိုင်းမှဖြစ်ပွားစေသည့် ခြိမ်းခြောက်မှုအန္တရာယ်ကို သတိပြုမိစေရန် ဒေသခံဘာသာစကားများဖြင့် မိုင်းအန္တရာယ်အသိပညာပေးရေး (MRE) ကိရိယာအစုံကို ထုတ်လုပ်ထားလျက်ရှိပါသည်။ ကချင်၊ရှမ်း၊ကယား၊ ကရင်၊မွန်၊ တနင်္သာရီ၊ ပဲခူးတိုင်း တို့ရှိရွာများ၊ ကျောင်းများနှင့်ဒုက္ခသည်စခန်းများ၌ ယခုထိကျင်းပပေးခဲ့သည့် မိုင်းအန္တရာယ်အသိပညာပေးရေး MRE သင်တန်းများတွင် အရွယ်ရောက်သူ၊ ကလေးသူငယ်နှင့် ကျောင်းဆရာ/ဆရာမ ၁၀၀ ၀၀၀ ကျော်တို့ပါဝင် တက်ရောက်ခဲ့ကြပါသည်။ ယခုဤစီမံကိန်းမှ မိုင်းကိုင်တွယ်ဖြေရှင်းမှုထိရောက်စွာဆောင်ရွက်နိုင်ရေးဆိုင်ရာ သတင်း အချက်အလက်ပေးအစည်းအဝေးများ၌ အစိုးရတာဝန်ရှိပုဂ္ဂိုလ်များနှင့် လွှတ်တော်အမတ်များကို ပါဝင် စေခဲ့ပြီး ပညာရေးသင်ရိုးညွှန်တမ်းများ၌ MRE သင်ခန်းစာများထည့်သွင်းပေးဖို့ ပညာရေးဝန်ကြီးဌာနနှင့် အတူ တကွပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။
“မိုင်းအန္တရာယ်အသိပညာပေးရေးMRE ဟာ ခံရတဲ့နိုင်ငံများမှာ လူ့အသက်များစွာကိုကယ်တင်နိုင်တယ်ဆိုပေမဲ့ (ရောဂါ) လက္ခဏာကိုသာကုသပေးနိုင်တာပါ။ ရောဂါကို ပျောက်ကင်းစေဖို့ဆိုရင် အစိုးရ၊ စစ်တပ်နဲ့ တိုင်းရင်း သားခေါင်းဆောင်တွေအနေနဲ့ မြန်မာနိုင်ငံမှာမြေမြှုပ်မိုင်းအသုံးပြုမှုကို ရပ်တန့်ဖို့နဲ့ မိုင်းရှင်းလင်းရေးလုပ်ငန်းများ ကိုကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ကြဖို့လိုပါတယ်” ဟူ၍ ၂၀၁၈ခုနှစ်ဧပြီ၎ရက်နေ့ အပြည်ပြည်ဆိုင်ရာမိုင်းသတိ ပြုရေးနေ့အခမ်းအနား၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနများ စီစဉ်ကျင်း ပသည့် ပွဲတစ်ခု၌ အီးယူသံအမတ်ကြီး Kristian Schmidt မှပြောကြားခဲ့ပါသည်။ “အစိုးရအနေနဲ့ မြေမြှုပ်မိုင်း အသုံးပြုမှုကို တားမြစ်တဲ့ အော်တဝါစာချုပ်မှာပါဝင်ဖို့ ကျွန်တော်တို့အနေနဲ့ အထူးအားပေးတိုက်တွန်းလိုက်ပါ တယ်။ ဒါဟာမြန်မာနိုင်ငံကနေ မြေမြှုပ်မိုင်းတွေကို အပြီးတိုင်ဖယ်ရှားရှင်းလင်းဖို့ အရေးပါလှတဲ့ပထမခြေလှမ်းပဲ ဖြစ်ပါတယ်”
ဧပြီ ၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့်ပူးတွဲကြေညာချက်တစ်စောင်၌ မြန်မာနိုင်ငံတွင်မိုင်းများကို အဆောတလျင် အရေးတယူကိုင်တွယ်ပေးပါရန် မြန်မာနိုင်ငံဆိုင်ရာအီးယူသံရုံးနှင့် အီးယူအဖွဲ့ ဝင်နိုင်ငံများမှ မြန်မာအစိုးရအား တိုက်တွန်းခဲ့ပါသည်။ “မြေမြှုပ်မိုင်းနှင့် စစ်ပွဲလက်ကျန်ပေါက်ကွဲစေတတ်သည့်ပစ္စည်းများမှာ အရပ်သားများ၏ လုံခြုံရေး၊ ကျန်းမာရေးနှင့်အသက်အိုးအိမ်များကို ပြင်းထန်သောအန္တရာယ်ဖြစ်စေနိုင်သည်သာမက မိုင်းဒဏ်ခံ ဒေသများရှိ လူမှု-စီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် သိသိသာသာဟန့်တားနှောင့်ယှက်ကာ ဆင်းရဲမှုအဆင့်မြင့် မားရခြင်း၏အကြောင်းရင်းခံတစ်ခုလည်းဖြစ်ပါသည်။ နိုင်ငံတစ်ဝှမ်း မိုင်းအန္တရာယ်အသိပညာပေးရေး တိုးမြှင့် ဆောင်ရွက်ရာတွင် ဥရောပသမဂ္ဂမှပြည့်ဝစွာပံ့ပိုးပေးလျက်ရှိပြီး မိုင်းရှင်းလင်းရေးလုပ်ငန်းများကိုလည်း ကူညီ ထောက်ပံ့မှုပြုရန် အသင့်ရှိပါသည်။”
တွင်အီးယူပူးတွဲကြေညာချက်အပြည့်အစုံကိုဖတ်ရှု့ပါ။