THIS CONTENT HAS BEEN ARCHIVED

ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ အခါသမယ၌ အီးယူ၏ဒေသတွင်း ကြေညာချက်

03.05.2018
Teaser

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် မီဒီယာလွတ်လပ်ခွင့်တို့ ကင်းမဲ့ပါက နိုင်ငံသူနိုင်ငံသားတို့အနေဖြင့် အသိအမြင် ကြွယ်ဝစွာဖြင့် တက်တက်ကြွကြွ ပါဝင်နိုင်မည် မဟုတ်ပါ။ ယနေ့သည် ၂၅ ကြိမ်မြောက် ကမ္ဘာ့ သတင်း လွတ်လပ်ခွင့်နေ့ကို သတ်မှတ်ဂုဏ်ပြုသည့်နေ့ရက် ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံ ရင်ဆိုင် နေရသည့် စိန်ခေါ်မှုများစွာနှင့်စပ်လျဉ်း၍ ရဲရဲဝံ့ဝံ့ သတင်းပေးပို့ခဲ့ကြသည့် မြန်မာသတင်းသမားတို့၏ နိုင်ငံတကာ အသိအမှတ်ပြုလုပ်ရပ်များကို ဂုဏ်ပြုခွင့်ရသည့်နေ့ရက်လည်း ဖြစ်ပါသည်။

Text

ဥရောပသမဂ္ဂ သံကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံရှိ အီးယူသံတမန်အဖွဲ့ အကြီးအကဲများနှင့် သဘောတူညီမှုရယူ၍ အောက်ပါကြေ ညာချက်ကို ထုတ်ပြန်ကြေညာလိုက်သည်

ယနေ့သည် ၂၅ ကြိမ်မြောက်ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ကို သတ်မှတ်ဂုဏ်ပြုသည့်နေ့ရက်ဖြစ်ပြီး ဒီမိုကရေစီစနစ်ရှိသည့် မည့်သည့် လူ့အဖွဲ့အစည်းတွင်မဆို လွတ်လပ်၍ အမှီအခိုကင်းသည့် သတင်းမီဒီယာအမျိုးမျိုးတို့၏ မရှိမဖြစ်အရေးပါလှသည့် အခန်းကဏ္ဍကို ပြန်လည်စဉ်းစားနိုင်ရန် အခွင့်အလမ်းတစ်ရပ်ရရှိသည့် နေ့ရက်ပင်ဖြစ်ပါသည်။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် မီဒီယာလွတ် လပ်ခွင့်တို့ကင်းမဲ့ပါက နိုင်ငံသူနိုင်ငံသားတို့အနေဖြင့် အသိအမြင်ကြွယ်ဝစွာဖြင့် တက်တက်ကြွကြွပါဝင်နိုင်မည်မဟုတ်ပါ။ ထိုကြောင့် မြန်မာနိုင်ငံတွင်း၌ သတင်းလွတ်လပ်ခွင့်ပေါ်ပေါက်လာစေရေး၊ လက်ရှိမြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ဆက်လက်အကောင် အထည်ဖော်ရာတွင် လွတ်လပ်သောသတင်းမီဒီယာတို့၏ အရေးပါလှသည့်ကဏ္ဍကို အီးယူနှင့်အဖွဲ့ဝင်နိုင်ငံအနေဖြင့် ဆက်လက်ပံ့ပိုးပေး လျက်ရှိကြောင်း ယခုလိုအခါသမယ၌ အလေးပေးဖော်ပြလိုက်ရပါသည်။

ယနေ့သည် မြန်မာနိုင်ငံရင်ဆိုင်နေရသည့် စိန်ခေါ်မှုများစွာနှင့်စပ်လျဉ်း၍ ရဲရဲဝံ့ဝံ့ သတင်းပေးပို့ခဲ့ကြသည့် မြန်မာသတင်းသမားတို့၏ နိုင်ငံတကာ အသိအမှတ်ပြုလုပ်ရပ်များကို ဂုဏ်ပြုခွင့်ရသည့်နေ့ရက်လည်းဖြစ်ပါသည်။ ၎င်းတို့သည် အခက်အခဲပြဿနာများကိုသာမက ခက်ခဲလှသည့်ပတ်ဝန်းကျင်မျိုး၌ပါ သတင်းရယူပေးပို့ကြပါသည်။ ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်စပ်လျဉ်း၍ လေ့လာ စုံစမ်းမှုပြုလုပ်စဉ် အဖမ်းခံခဲ့ရသူ ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်သည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့အား ဆက်လက်ထိန်းသိမ်း၍ တရားစွဲဆိုထားခြင်းအတွက် ကျွန်ပ်တို့အနေဖြင့် လွန်စွာစိုးရိမ်ပူပန်လျက်ရှိပါသည်။ ၎င်းတို့ကို ချက်ချင်း လွှတ်ပေးဖို့ ကျွန်ပ်တို့အနေဖြင့် ထပ်လောင်း၍ နှိုးဆော်တိုက်တွန်းလိုက်ပါသည်။

မြန်မာနိုင်ငံ၌ မီဒီယာလွတ်လပ်ခွင့် အတွက် ဘက်စုံနယ်ပယ်/အနေအထားမှာ စိုးရိမ်ဖွယ်ရာ ကျဉ်းမြောင်းလာသည့် အလားအလာရှိနေပါ သည်။ သတင်းသမားများအား ဥပဒေအကာအကွယ်ပေးရာတွင် နိုင်ငံတကာစံနှုန်းနှင့်အညီဖြစ်စေရန် မြန်မာနိုင်ငံ၏တရားဥပဒေဆိုင်ရာ မူဘောင်အားပြုပြင်ပြောင်းလဲဖို့လိုအပ်နေချိန်၌ မြန်မာနိုင်ငံတွင်းအရေးပါလှသည့်ဖြစ်ထွန်းပြောင်းလဲမှုများကို သိသာထင်ရှားစေရန် ကြိုးပမ်းလျက်ရှိသည့် Myanmar Now ၏ ရှုးမန်းဆုရှင် ကိုဆွေဝင်းကဲ့သို့သော သတင်းထောက်များအား အစိုးရမှ သင့်တော်မှုမရှိ အရေး ယူဆောင်ရွက်နေမှုများသည်လည်း ရပ်တန့်ရမည် ဖြစ်ပါသည်။

ယခုနှစ်၏ ကမ္ဘာ့အာဘော်ဖြစ်သည့် ‘အာဏာအားဆက်လက်ကန့်သတ်ခြင်း-မီဒီယာ၊ တရားမျှတမှုနှင့် တရားဥပဒေစိုးမိုးရေး’ အကြောင်း အရာသည် နိုင်ငံရေးလုပ်ငန်းစဉ်၏ပွင့်လင်းမြင်သာမှု၊ တရားစီရင်ရေးစနစ်၏အမှီအခိုကင်းမှုနှင့် သတင်းမီဒီယာတတ်မြောက်မှု၊ နိုင်ငံ၏ ဌာန/အဖွဲ့အစည်းများအနေဖြင့် ပြည်သူလူထုအပေါ် တာဝန်ခံမှုနှင့် အွန်လိုင်းသတင်းလွတ်လပ်ခွင့်ကို အကာအကွယ်ပေးရာတွင် မျက် မှောက်ခေတ်၏ စိန်ခေါ်မှုစသည့် အရေးပါလှသည့်အကြောင်းအရာများကို မီးမောင်းထိုးပြခြင်းဖြစ်သည်။ ဤကိစ္စရပ်များမှာ မြန်မာနိုင်ငံ အပါအဝင်ကမ္ဘာ့နိုင်ငံများစွာတို့နှင့် ဆီလျော်ဆက်စပ်နေသည့်ကိစ္စရပ်များ ဖြစ်ပါသည်။ သတင်းသမားများ၊ မီဒီယာတွင် ပါဝင် ပတ်သက်နေကြသူများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် အစိုးရအနေဖြင့် ဤသို့အရေးပါလှသည့် ကိစ္စရပ်များကို ဆွေးနွေးကြရာ၌ ကျွန်ပ်တို့အနေဖြင့် ပါဝင်လက်တွဲဆောင်ရွက်သွားဖို့ မျှော်လင့်လျက်ရှိပါသည်။

Category
Local Statements
Location

Yangon

Editorial sections
Myanmar (Burma)