ရန်ကုန်၌ကျင်းပသည့် ဥရောပမြန်မာဆုံစည်းမှု “Europe meets Myanmar” ဂီတပွဲနှင့်အတူ ဥရောပနေ့ဂုဏ်ပြုအခမ်းအနားပွဲများအဆုံးသတ်
မြန်မာနိုင်ငံအတွက်သံစုံတီးဝိုင်း Orchestra for Myanmar နှင့်ရင်သွေးသစ်သံစုံကျူးအဖွဲ့ New Children’s Choir တို့၏အလွန်ကောင်းမွန်လှသည့်ဂီတဖြေဖျော်ပွဲနှင့်အတူဥရောပနေ့ ဂုဏ်ပြုပွဲများ ကို ၂၀၁၈ခုနှစ်မေလ ၁၀ ရက်နေ့တွင်ကျင်းပပြီးစီးခဲ့ပါသည်။ ပရိတ်သတ်ဧည့်သည် ၇၀၀ (နှင့်အ ထက်) တို့မှာ Strand Hotel ကပွဲခမ်းမ၌ ထိုင်ခုံပြည့်တက်ရောက်ခဲ့ကြပြီး မြန်မာတေးဂီတပညာ ရှင်များ၊ သြစတြီးယားစန္ဒယားပညာရှင် Georg Bauerတို့မှဖျော်ဖြေသည့် ဥရောပဂန္ထဝင်တေးဂီ တတို့အားလည်းကောင်း New Children’s Choir အဖွဲ့မှစွဲဆောင်မှုရှိလှသည့်လူငယ်အဆိုတော် များနှင့် ပါရမီရင့်သန်လှသည့် ရန်ကုန်အခြေစိုက်အပျော်တမ်းသံစုံးကျူး Strand Singers အဖွဲ့တို့မှ တင်ဆက်သည့်ဥရောပနှင့်မြန်မာရိုးရာသီချင်းများ စသည်တို့ကို နှစ်နှစ်ခြိုက်ခြိုက်အားပေးခဲ့ကြပါ သည်။ အဆိုတော်နှင့် ဂီတပညာရှင်များကို ပေါ်တီဂီလူမျိုးအကျော်အမော်ဂီတမှုး Maestro Luis Miguel Clemente မှလမ်းညွှန်ဦးဆောင်ခဲ့ပြီး ၎င်းမှာ ဥရောပနေ့အခမ်းအနားပွဲ၌ မြန်မာလူငယ် အနုပညာရှင်များအားလေ့ကျင့်ပေးကာ အတူတကွဖျော်ဖြေရန်အတွက် ပေါ်တူဂီနိုင်ငံမှတောက် လျှောက်ခရီးထွက်ခွာခဲ့ခြင်းဖြစ်ပါသည်။
“အမျိုးမျိုးသောတိုက်ကြီးတွေ၊ တိုင်းရင်းသားလူမျိုး၊ ကိုးကွယ်ယုံကြည်မှုနဲ့ လူ့ဘဝအလွှာမျိုးစုံတို့ကို ဂီတက ပေါင်းကူးဆက်သွယ်ပေးလျက်ရှိပါတယ်။ ဂီတကြောင့်စိတ်နှလုံးနွေးထွေးမှုရကြပါစေ”ဟူ၍ အီးယူသံအမတ်ကြီး Kristian Schmidt မှပရိတ်သတ်များကို ကြိုဆိုနှုတ်ခွန်းဆက်ရာတွင်ပြော ကြားခဲ့ပါသည်။
အမျိုးမျိုးသောမြန်မာ့တိုင်းရင်းသားလူငယ်များအနေဖြင့် အားလုံးပါဝင်မှု၊ ပူးပေါင်းပါဝင်ဆောင်ရွက် တတ်မှု၊ရင်းနှီးချစ်ခင်မှုနှင့်နားလည်မှုစသည်တို့ ပိုမိုတိုးတက်လာစေရေးရည်ရွယ်ချက်ဖြင့် မြန်မာအ တွက်သံစုံတီးဝိုင်းနှင့် ရင်သွေးသစ်သံစုံကျူးအဖွဲ့ကို ဗြိတိသျှနိုင်ငံသား တရုတ်-ဂျာမန်အနွယ်ဝင် တယောပညာရှင် ဂီတမှုး Sebastian See-Schierenberg မှစတင်ထူထောင်ခဲ့ခြင်းဖြစ်ပါသည်။ ဤသံစုံတီးဝိုင်းအဖွဲ့သည် လူငယ်ဂီတပညာရှင်များအတွက် နိုင်ငံတကာအဆင့်လေ့ကျင့်ရေးအခွင့် အလမ်းများ ပေးအပ်လျက်ရှိပြီး နိုင်ငံတကာတွင်ကျော်ကြားသည့်ဂီတပညာရှင်များ ဥပမာ-၂၀၁၇ ခုတွင်ပြုလုပ်ခဲ့သည့် BBC Symphony Orchestra အဖွဲ့စသည်တို့မှဂီတပညာရှင်များနှင့် ပုံမှန် လေ့ကျင့်ဖျော်ဖြေလျက်ရှိပါသည်။ ရင်သွေးသစ်သံစံကျူးအဖွဲ့သည် မြန်မာနိုင်ငံရှိမိဘမဲ့ကလေး ဂေဟာများနှင့် ကျောင်းများမှကလေးသူငယ်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ၎င်းကလေးငယ်များ အနေဖြင့် ပုံမှန်လေ့ကျင့်ခွင့်၊ ပညာလေ့လာသင်ကြားဖို့ ဘဏ္ဍာရေးအကူအညီနှင့် အတိုင်းအတာ ကြီးမားသည့်ဂီတပွဲများ၌ ဖြေဖျော်ခွင့်စသည်တို့ရရှိကြပါသည်။ ၎င်းသံစုံကျူးအဖွဲ့သည်ကလေးသူ ငယ်များ၏ ဘဝစွမ်းရည်နှင့်ယုံကြည်မှုတိုးတက်စေရန် ဂီတကို ကိရိယာနည်းလမ်းတစ်ခုသဖွယ် အသုံးချခြင်းဖြင့် အခွင့်အလမ်းများပေါ်ပေါက်လာစေဖို့ ရည်ရွယ်ခြင်းဖြစ်ပါသည်။