ကချင်၊ ရှမ်းမြောက်ပိုင်းနှင့် ကရင်ပြည်နယ်တို့ရှိ အခြေအနေများနှင့် စပ်လျဉ်း၍ အီးယူ၏ ဒေသတွင်း ကြေညာချက်
အီးယူသံကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာ အီးယူအဖွဲ့ဝင်နိုင်ငံသံအဖွဲ့အကြီးအကဲများမှ အောက်ပါ ကြေညာချက်ကိုထုတ်ပြန်လိုက်သည်
ကချင်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကရင်ပြည်နယ်ဒေသအချို့တို့၌ လက်နက်ကိုင်ပဋိပက္ခနှင့် စစ်မက်ဖြစ်ပွား နေမှုများ တစ်စထက်တစ်စမြင့်တက်လာနေမှုကြောင့် အရပ်သားတစ်သောင်းကျော်တို့မှာ နေရပ်စွန့်ခွာထွက် ပြေးရခြင်း၊ ပဋိပက္ခဖြစ်ပွားရာနယ်မြေဒေသရှိ များစွာသောရပ်/ရွာလူထုအသိုင်းအဝိုင်းတို့မှာ အလွန်စိုးရိမ်ဖွယ်ရာ အခြေအနေသို့ ကျရောက်လျက်ရှိပြီး ၎င်းတို့၏အသက်အိုးအိမ်၊ ပိုင်ဆိုင်မှုနှင့် သက်မွေးလုပ်ငန်းများပါ ဆုံးရှုံးခဲ့ရ ပါသည်။ တိုက်ခိုက်ရေးအင်အားအလွန်အမင်းသုံးစွဲခြင်း၊ အရပ်သားများဘေးလွတ်ရာသို့ထွက်ပြေး၍မရနိုင်ရန် အတားအဆီးများရှိနေခြင်းနှင့် အကူအညီလိုအပ်လျက်ရှိသည့် အရပ်ဖက်လူထုတို့အနေဖြင့် လူသားချင်းစာနာ မှုအကူအညီများချက်ချင်းရရှိနိုင်ဖို့ ငြင်းပယ်ခြင်းခံနေရသည်ဟူသည့်သတင်းများကိုကြားသိနေရခြင်းမှာ လွန်စွာမှ စိုးရိမ်ဖွယ်ရာဖြစ်ပါသည်။
အရပ်ဖက်လူထုအား ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် ပဋိပက္ခတွင်ပါဝင်နေကြသော အဖွဲ့အားလုံးတို့အနေ ဖြင့် စစ်မက်ဖြစ်ပွားမှုနှင့် ထိုးစစ်ဆင်တိုက်ခိုက်နေမှုများကို ချက်ချင်းရပ်တန့်ဖို့လိုအပ်ကြောင်း တစ်နိုင်ငံလုံးပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးရာတွင် တရားဝင်အသိသက်သေဖြစ်သည့် ဥရောပသမဂ္ဂမှ အလေးအနက်တိုက်တွန်းပြောကြားလိုက်ပါသည်။ လူသားချင်းစာနာမှုအကူအညီများ နှောင့်နှေး ကြန့်ကြာခြင်းမရှိ၊ လွတ်လပ်စွာခွင့်ပြုပေးရမည်ဖြစ်ပြီး နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုအကူအညီ ဆိုင်ရာဥပဒေကို အပြည့်အဝလေးစားလိုက်နာရမည်ဖြစ်သည်။ သို့မှသာအရပ်ဖက်လူထု၏ အရေးအကြီးဆုံး လိုအပ်ချက်များကိုဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။
သက်ဆိုင်ရာအဖွဲ့အစည်းများအကြား၌ညှိုနှိုင်းဆွေးနွေးခြင်း၊ အပြုသဘောဆောင်သည့်နိုင်ငံရေးဆွေးနွေးပွဲများပြု လုပ်ခြင်းဖြင့်သာ မြန်မာနိုင်ငံ၌ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေးရရှိနိုင်မည်ဖြစ်သည်။ ထို့ကြောင့်မြန်မာနိုင်ငံအစိုး ရအနေဖြင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် ငြိမ်းချမ်းစွာစုဝေးခွင့်ကို ကာကွယ်စောင့်ရှောက်ရမည်ဖြစ်ပြီး စစ်မက်ဖြစ်ပွားနေမှုများရပ်တန့်ရန်နှင့် ငြိမ်းချမ်းရေးအတွက် အကြမ်းမဖက်ဘဲဆန္ဒထုတ်ဖော်မှုအတွက် မည်သူ့ကို မျှဖမ်းဆီးထိန်းသိမ်းခြင်း၊ တရားစွဲဆိုခြင်း၊ ပြစ်ဒဏ်ချမှတ်ခြင်းများမပြုသင့်ပါ။
________________
သတင်းထုတ်ပြန်ရေးအဆက်အသွယ်
Ms Valerie ZIRL
ပြည်သူ့သံတမန်ရေးရာအကြံပေး
မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံး
Email: DELEGATION-MYANMAR-PRESS-AND-INFORMATION@eeas.europa.eu
or valerie.zirl@eeas.europa.eu