မြန်မာ : ဥရောပသမဂ္ဂသည် ရိုဟင်ဂျာ လူထုအပေါ် ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဆက်စပ်ပြီး တာဝန်ရှိသည့် ထိပ်တန်း တပ်တော်အရာရှိ ၊ နယ်ခြားစောင့်နဲ့ ရဲအရာရှိ (၇)ဦးတို့အပေါ် ဥရောပသမဂ္ဂ၏ အရေးယူပိတ်ဆို့ချက်များ
ဇွန်လ (၂၅)ရက်နေ့တွင် မြန်မာနိုင်ငံတွင်း အခြေအနေများနှင့် စပ်လျဉ်းပြီး ကောင်စီမှ လူပုဂ္ဂိုလ် ၇ဦးတို့အပေါ် ကန့်သတ်အရေးယူချက်များကို ချမှတ်လိုက်ပါသည် ။ အရေးယူပိတ်ဆို့မှုများထဲတွင် ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခြင်းနှင့် ခရီးသွားလာခွင့် ကန့်သတ်ချက်များ ပါဝင်ပါသည် ။
ကန့်သတ် အရေးယူပိတ်ဆို့ခံရသူများမှာ မြန်မာ့စစ်တပ် (တပ်မတော်) နယ်ခြားစောင့်တပ်နှင့် ရဲတပ်ဖွဲ့မှ အရာရှိများ ဖြစ့်ပြီး ယင်းတို့မှာ ၂၀၁၇ ခုနှစ် ဒုတိယနှစ်ဝက်တွင် ရခိုင်ပြည်နယ်တွင်းရှိ ရိုဟင်ဂျာလူထုအပေါ် ပြင်းထန်ဆိုးရွားသည့် အကြမ်းဖက်မှုများ ၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်ဆက်နွယ်မှုများကြောင့် ပိတ်ဆို့အရေးယူခံရခြင်း ဖြစ်ပါသည် ။ အကြမ်းဖက်မှုများတွင် တရားဥပဒေနှင့် မလျော်ညီစွာ သတ်ဖြတ်ခြင်း ၊ လိင်အကြမ်းမှုများနှင့် ရိုဟင်ဂျာတို့၏ အိုးအိမ်များကို စနစ်တကျ မီးရှို့ခြင်းတို့ ပါဝင်ပါသည် ။
ဧပြီလ (၂၆) ရက် ၊ ၂၀၁၈ ခုနှစ်တွင် ကောင်စီမှ မြန်မာနိုင်ငံနှင့် လက်နက်ကရိယာများ ကုန်သွယ်မှု ရပ်တန်ွှရန် ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ပြီး ၊ စစ်သင်တန်းများ ပေးအပ်ခြင်းနှင့် မြန်မာ့တပ်မတော်နှင့် စစ်ဖက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ချက်များကို ကန့်သတ်ခဲ့ပါသည် ။ ကောင်စီမှ မြန်မာ့ လက်နက်ကိုင်တပ်ဖွဲ့ (တပ်မတော်) နှင့် နယ်ခြားစောင့်တပ် တို့မှ လူပုဂ္ဂိုလ်တချို့တို့အပေါ်တွင် လူပုဂ္ဂိုလ်တစ်ဦးချင်းစီ အလိုက် ကန့်သတ် အရေးယူ ဆောင်ရွက်ချက်များပြုလုပ်ရန် ဥပဒေမူဘောင်ကိုလည်း ချမှတ်ခဲ့ပါသည် ။
ဖေဖော်ဝါရီလ (၂၆) ရက် ၊ ၂၀၁၈ ခုနှစ်တွင် ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များတွင် ဖော်ပြခဲ့သည့်အတိုင်းပင် ကောင်စီသည် မြန်မာအစိုးရနှင့် လုံခြုံရေးတပ်ဖွဲ့များကို ရခိုင်ပြည်နယ် ၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့အပါအ၀င် မြန်မာနိုင်ငံ အတွင်းတွင် လုံခြုံရေး ၊ တရားဥပဒေစိုးမိုးရေးနှင့် တာဝန်ယူမှု တာဝန်ခံမှုများ ရှိစေရေးတို့ကို သေချာစေရန် ပြောကြားလိုက်ပါသည် ။ ကောင်စီအနေဖြင့် မြန်မာနိုင်ငံတွင်း အခြေအနေကို အနီးကပ် လေ့လာစောင့်ကြည့်မည် ဖြစ်ပြီး စဉ်ဆက်မပြတ်လေ့လာသုံးသပ်၍ နောက်ထပ် ဖြစ်လာနိုင်မည့် အရေးယူဆောင်ရွက်ချက်များအပါအ၀င် ဆုံးဖြတ်ချက်များကို ချမှတ်မည် ဖြစ်ပါသည် ။
ကန့်သတ်အရေးယူဆောင်ရွက်ခံရသည့် လူပုဂ္ဂိုလ်များ၏ အမည်စာရင်းနှင့် ယနေ့ချမှတ်လိုက်သည့် အရေးယူချမှတ်ချက်များသည် ၂၀၁၈ ခုနှစ် ၊ ဇွန်လ (၂၅) ရက်နေ့ နေ့စွဲဖြင့် တရားဝင့်ဂျာနယ်တွင် ပါဝင်ပါသည် ။