THIS CONTENT HAS BEEN ARCHIVED

ရိုက်တာသတင်းထောက်များ ဖြစ်ကြသည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးအပေါ် စီရင်ချက်နှင့် စပ်လျဉ်း၍ ပြောရေးဆိုခွင့်ရှိသူ၏ ထုတ်ပြန်ကြေငြာချက်

03.09.2018
Teaser

ရိုက်တာသတင်းထောက်များ ဖြစ်ကြသည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးအပေါ် စီရင်ချက်နှင့် စပ်လျဉ်း၍ ပြောရေးဆိုခွင့်ရှိသူ၏ ထုတ်ပြန်ကြေငြာချက်

Text

ရိုက်တာသတင်းထောက်များ ဖြစ်ကြသည့် ၀လုံးနှင့် ကျော်စိုးဦးအပေါ်  တရားရုံးမှ ထောင်ဒဏ် နှစ်ချမှတ်လိုက်ခြင်းသည် သတင်းမီဒီယာလွတ်လပ်ခွင့် ၊  အများပြည်သူ၏ သတင်းအချက်အလက် သိရှိပိုင်ခွင့်နှင့် မြန်မာနိုင်ငံတွင်း တရားဥပဒေစိုးမိုးရေး ဖွံ့ဖြိုးတိုးတက်မှုတို့ကို မှေးမှိန် လျော့ကျစေခဲ့ပါသည်။

ရခိုင်ပြည်နယ်အတွင်းတွင် ပြင်းထန်ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို သတင်းဖော်ပြမှုများကြောင့် ယင်းတို့အပေါ် ၁၉၂၃ ခုနှစ် ၊ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေဖြင့် စီရင် ထောင်ဒဏ်ပေးခြင်းသည်  တခြားသတင်းသမားများအပေါ် မိမိတာဝန် ကို ထမ်းဆောင်ရုံမျှဖြင့်  မတော်မတရား ကျိုးကြောင်းမဆီလျော်စွာ ဖမ်းဆီးမှုများကို  ကြောက်လန့်စေမှုကို ဖြစ်စေပါသည်။

သတင်းမီဒီယာလွတ်လပ်ခွင့်နှင့် ပွင့်လင်းမြင်သာသည့် သတင်းစာပညာတို့သည် ဒီမိုကရေစီ၏ မရှိမဖြစ် မဏ္ဍိုင်များဖြစ်ပါသည်။  လွတ်လပ်သည့် မီဒီယာသည် ပွင့်လင်းမြင်သာမှုကို မြှင့်တင်ပေးပြီး ဒီမိုကရက်တစ်အစိုးရကို တာဝန်မှု ၊ တာဝန်ခံမှုကို ရှိစေသည့် အဓိက သော့ချက်ဖြစ်ပါသည်။

သတင်းထောက်နှစ်ဦးကို စတင်ထိန်းသိမ်းသည့် ဒီဇင်ဘာလ ၁၂ ရက် ၊ ၂၀၁၇ ခုနှစ်မှ စတင်၍ ကြားနာစစ်ဆေးမှုတိုင်းတွင် တက်ရောက်ခဲ့ကြသည့်  နိုင်ငံတကာမှလေ့လာသူများတွင် ဥရောပသမဂ္ဂနှင့်  အီးယူ အဖွဲ့ဝင်နိုင်ငံများမှ သံတမန်များ  ပါဝင်ခဲ့ကြပြီး ယင်းကိစ္စနှင့် စပ်လျဉ်းပြီး မြန်မာအစိုးရနှင့် စဉ်ဆက်မပြတ် ဆွေးနွေးခဲ့ကြပါသည်။

သို့ဖြစ်ပါ၍  ကျွန်ုပ်တို့အနေဖြင့် ကျွန်ုပ်တို့၏မျှော်မှန်းချက်အတိုင်း အာဏာပိုင်များကို သတင်းထောက်များအတွက် မိမိတို့၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရန် ပြည့်စုံလုံလောက်သည့် အနေအထားများရရှိစေရေးအတွက် သေချာစေရန် ထပ်လောင်းပြောကြားလိုပါသည်။  ၀လုံးနှင့် ကျော်စိုးဦးတို့၏ ထောင်ဒဏ်ကို ပြန်လည် သုံးသပ်သင့်ပြီး သတင်းသမားနှစ်ဦးကို ချက်ချင်း ခြွင်းချက်မရှိ လွတ်မြောက်စေသင့်ပါသည်။

Category
Statements by the Spokesperson
Location

Brussels

Topics
Human Rights & Democracy
Editorial sections
Asia
Japan
Myanmar (Burma)
EEAS
Human Rights & Democracy