လုံခြုံပြီးမျှတမှုရှိသောအလုပ်အကိုင်အခြေအနေများ - အရှေ့တောင်အာရှတွင် အမျိုးသမီးရွှေ့ပြောင်းအ လုပ်လုပ်ကိုင်သူများအား ခေါင်းပုံဖြတ်ခြင်း၊ အလွဲသုံးစားပြုခြင်း၊ အကြမ်းဖက်လူကုန်ကူးခြင်းများကို တိုက် ဖျက်ရန် အီးယူမှ ယူရို ၂၅ သန်းရင်းနှီးမြှုပ်နှံခြင်း
အမျိုးသမီးနှင့်မိန်းကလေးငယ်များအား အကြမ်းဖက်မှုပုံစံမျိုးစုံကိုဖယ်ရှားတိုက်ဖျက်ရေးအတွက် အီးယူ-ကုလသမဂ္ဂတို့၏ ကမ္ဘာလုံးဆိုင်ရာ “Spotlight Initiative” မှပထမဦးဆုံး “Safe & Fair” အစီအစဉ်ကို စတင်မိတ်ဆက်ခဲ့ပြီး ဤအစီအစဉ်မှာ အမျိုးသမီးရွှေ့ပြောင်းအလုပ်လုပ်ကိုင်သူများအတွက် ကာကွယ် စောင့်ရှောက်မှုပိုမိုပေးနိုင်မည့်စနစ်များဖန်တီးကာ အမျိုးမျိုးသောသတင်းအချက်အလက်ပေးသည့် လှုံ့ ဆော်ပွဲများပြုလုပ်နိုင်ရေးအတွက် နိုင်ငံတကာအလုပ်သမားအဖွဲ့အစည်း (ILO) နှင့် ကုလသမဂ္ဂအမျိုးသမီး များအတွက် အဖွဲ့အစည်း UN Women တို့မှ အာဆီယံနိုင်ငံများအားလုံးတို့ရှိ အစိုးရများနှင့်ပူးပေါင်းဆောင် ရွက်နိုင်ရန် ဥရောပသမဂ္ဂမှ ယူရို ၂၅ သန်း (မြန်မာကျပ်ငွေ ၄၁.၃၆ ဘီလျ) ငွေကြေးပံ့ပိုးပေးသည့် စီမံကိန်းတစ်ခုဖြစ်ပါ သည်။
ဤအစီအစဉ်သည် မြန်မာနိုင်ငံသို့ပါရောက်ရှိခဲ့ပြီး အစိုးရကိုယ်စားလှယ်များ၊ လွှတ်တော်အမတ်များ၊ အလုပ် ရှင်အလုပ်သမားအဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံတကာကျွမ်းကျင်ပညာရှင်များနှင့် ပထမဦးဆုံးနှီးနှောတိုင်ပင်ပွဲတစ်ခုကို စတင်ကျင်းပခဲ့ပါသည်။ ၂၀၁၈ခုနှစ်သြဂုတ်လ ၃၀ ရက်နေ့က နေပြည် တော်တွင်ကျင်းပခဲ့သည့် ဤပွဲမှာ အမျိုးသမီးရွှေ့ပြောင်းအလုပ်လုပ်ကိုင်သူများ အတွက် ထိရောက်သော ကာကွယ်စောင့်ရှောက်ရေး ယန္တရားများဖန်တီးရာတွင် ပါဝင်ဖို့လိုသည့် သက်ဆိုင် ရာအဖွဲ့အစည်း/လူပုဂ္ဂိုလ် အားလုံးတို့ကို တစ်စုတည်းခေါ်ဆောင်ခဲ့ပါသည်။
“အရှေ့တောင်အာရှတစ်ခွင်မှာ အမျိုးသမီးများဟာ ပိုမိုကောင်းမွန်တဲ့ ဘဝဖန်တီးကာ မိသားစုကိုပံ့ပိုးနိုင်ဖို့ သင့်တော်တဲ့ အလုပ်များကိုဆက်လက်ရှာဖွေရင်း လှုပ်ရှားသွားလာလျက်ရှိနေကြပါတယ်။ အိမ်မှာရှိတဲ့မိ သားစုတွေ၊ သူတို့ရပ်ရွာအသိုင်းအဝိုင်းတွေအတွက် သူတို့ငွေလွှဲပို့ပေးတာတွေက ကြီးမားတဲ့ စီးပွားရေး အထောက်အကူရစေပါတယ်” ဟူ၍နေပြည်တော်ဆွေးနွေးတိုင်ပင်ပွဲတွင် တက်ရောက်လာသူများကို အီးယူ သံအမတ်ကြီး Kristian Schmidt မှကြိုဆိုရာတွင် ပြောကြားခဲ့ပါသည်။ ရွေ့ပြောင်းသွားလာလုပ်ကိုင်မှုဟာ အမျိုးသမီးရွှေ့ပြောင်း သွားလာသူတွေအတွက် လုပ်ပိုင်ခွင့်အင်အားပေးတဲ့ အတွေ့အကြုံမျိုးရတယ်ဆိုတာ ကျွန်တော်တို့ သိထားကြ ပေမဲ့ သူတို့ တွေဟာ ခေါင်းပုံဖြတ်မှုတွေ၊ အလွဲသုံးစားလုပ်ခြင်း၊ အကြမ်းဖက် ခြင်းနဲ့ လူကုန်ကူး ခြင်းတွေ မကြာခနခံနေ ရလျက်ရှိပါတယ်။ ဒီ @Spotlight အစီအစဉ်ဟာ အာဆီယံဒေ သတွင်းမှာ အမျိုးသမီးတွေအတွက် လုံခြုံပြီး တရားမျှတတဲ့ ရွှေ့ပြောင်းအလုပ်အကိုင်မျိုးဖြစ်လာစေဖို့ ပံ့ပိုးကူညီပေးသွားမှာ ဖြစ်ပါတယ်။”
၂၀၁၄ခုနှစ် မြန်မာ့လူဦးရေသန်းခေါင်စာရင်းအရ စုစုပေါင်းလူဦးရေ ၄.၂၅ သန်း(မြန်မာ့လုပ်သားအင်အား၏ ၂၀%နီးပါး)သည် နိုင်ငံရပ်ခြားမှာနေထိုင်လျက်ရှိသည်ဟု ခန့်မှန်းထားပါသည်။ အမျိုးသမီးများသည် ထိုင်း၊ တရုတ်နှင့် ဂျပန်နိုင်ငံ များရှိရွှေ့ပြောင်းအလုပ်သမားအင်အား၏ ထက်ဝက်နီးပါးရှိပြီး အိမ်တွင်းလုပ်သား၊ စက်ရုံလုပ်သား၊ လိင်လုပ်သား၊ စိုက်ပျိုးရေးနှင့်ဆောက်လုပ်ရေးများတွင် လုပ်ကိုင်လျက်ရှိပါသည်။ ၂၀၁၆ ခုနှစ် ကမ္ဘာ့ဘဏ်၏ ရွှေ့ပြောင်းသွားလာမှုနှင့်ပို့ငွေအချက်အလက်စာရင်းစာအုပ်အရ မြန်မာ့ရွှေ့ ပြောင်းလုပ် သားများသည် ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၃.၅ ဘီလီယံငွေလွှဲပို့ခဲ့ပြီး ဤသည်မှာ နိုင်ငံ၏ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှု၏ ၅ ရာခိုင်နှုန်းနီးပါးရှိပါသည်။
Read the full speech of EU Ambassador Kristian Schmidt here:
နောက်ခံအခြေအနေ
အမျိုးသမီးနှင့် မိန်းကလေးငယ်များအား အကြမ်းဖက်မှုသည် ကျား/မတန်းတူညီမျှမှု၊ အမျိုးသမီးနှင့်မိန်းက လေးငယ်များ၏ လူ့အခွင့်အရေးပြည့်ဝစေမှုအတွက်သော်လည်းကောင်း၊ ၂၀၃၀ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုအစီ အစဉ်ပြည့်မီအောင်မြင်ရေးအတွက်လည်းကောင်း အကြီးမားဆုံးသောအဟန့်အတားတစ်ခုဖြစ်ပါသည်။ ၎င်း သည်ကမ္ဘာတစ်ဝှမ်းတွင်ဖြစ်ပွားလျက်ရှိပြီး မျိုးဆက်၊ နိုင်ငံသား၊ လူ့အသိုင်းအဝိုင်းနှင့်လူ့အဖွဲ့အစည်းနယ်ပယ် အားလုံးတို့အပေါ် သက်ရောက်လျက်ရှိပါသည်။
ကမ္ဘာတစ်ဝှမ်းရှိ အမျိုးသမီးအားလုံးတို့၏ သုံးပုံတစ်ပုံခန့်မှာ ၎င်းတို့ဘဝတစ်ချိန်ချိန်တွင် ရုပ်ပိုင်း(သို့)လိင် ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ တွေ့ကြုံခံစားဖူးသူများဖြစ်ပါသည်။ တဖန် အမျိုးသမီးနှင့်မိန်းကလေး ငယ်များမှာ ကမ္ဘာတစ်ဝှမ်းစစ်ဆေးတွေ့ရှိရသမျှ လူမှောင်ခိုကူးခံရသူစုစုပေါင်း၏ ၇၀% ကျော်ရှိပါသည်။
ဤသို့ပြင်းထန်လှသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို အဆုံးသတ်နိုင်ရန် ကမ္ဘာတစ်လွှားအမျိုးသမီးနှင့် မိန်းကလေးငယ်များအား အကြမ်းဖက်မှုပုံစံမျိုးစုံတိုက်ဖျက်ရေးအတွက် ယူရိုသန်း ၅၀၀ တန်ဖိုးရှိသည့် အီးယူ-ကုလသမဂ္ဂအဓိကပူးတွဲ “Spotlight Initiative” အစီအစဉ်တစ်ရပ်ကို ၂၀၁၇ခုနှစ်စက်တင်ဘာလ တွင်စတင်မိတ်ဆက်ခဲ့ပါသည်။
ကျား/မတန်းတူညီမျှရေးအတွက်ဆောင်ရွက်နေသည့် UN Women နှင့်နိုင်ငံတကာအလုပ်သမားအဖွဲ့အ စည်း ILO တို့နှင့်ပူးပေါင်းကာ ဘန်ကောက်တွင်စတင်မိတ်ဆက်ခဲ့သည့် “Safe and Fair” အစီအစဉ်မှာ အာရှတွင်း “Spotlight Initiative” အောက်ရှိပထမဦးဆုံးသော လုပ်ငန်းဆောင်ရွက်ချက်ပင်ဖြစ်ပါသည်။
အကြမ်းဖျင်းခန့်မှန်းချက်များအရ အာဆီယံမှစတင်ပေါ်ထွက်သည့် ကမ္ဘာတစ်ဝှမ်းရွှေ့ပြောင်းအလုပ်သမား ၂၀.၂ သန်းတွင် ၁၀ သန်းမှာ အမျိုးသမီးများဖြစ်ပါသည်။ “Safe and Fair” အစီအစဉ်သည်အာဆီယံဒေ သတွင်းရှိ တရားဥပဒေရေးရာ၊ မူဝါဒရေးရာနှင့် ဌာန/အဖွဲ့အစည်းပိုင်းဆိုင်ရာ မူဘောင်များ ပိုမိုတိုးတက် ကောင်းမွန်စေရန် ရည်ရွယ်ခြင်း၊ သတင်းအချက်အလက်နှင့် အရည်အသွေးမီဝန်ဆောင်မှုများပိုမိုရရှိအောင် ဆောင်ရွက်ကာ အမျိုးသမီးရွှေ့ပြောင်းလုပ်သားများ လုပ်ပိုင်ခွင့်အင်အား ရရှိစေရန်ဆောင်ရွက်ပေးခြင်းဖြင့် အလွယ်တကူ ခေါင်းပုံဖြတ်ခံရခြင်း၊ လူကုန်ကူးမှုနှင့် အလွဲသုံးစားလုပ်မှုခံရခြင်းများမှ ပိုမို၍လျော့နည်းသက် သာစေမည်ဖြစ်ပါသည်။