THIS CONTENT HAS BEEN ARCHIVED

တရားမျှတမှုအတွက် တေးဂီတတွေနဲ့အတူငါတို့ဆင်နွှဲခဲ့ကြပြီ

28.01.2019
Teaser

ဥရောပသမဂ္ဂနဲ့ ဂီတပညာရှင်တို့က တရားမျှတမျှုနှင့် ခွင့်တူညီမျှရှိမှုတို့အတွက် စကားဝိုင်းစတင်ထုတ်ဖော်ပြောဆိုဖို့ အတူတကွပူးပေါင်းစတင်လိုက်ကြပါပြီ။

Main Image
Text

တကယ့် အောင်ပွဲညတစ်ညပါပဲ။

ဝေလ၊ ဖြူဖြူကျော်သိန်း၊ ရော့ခ်ဘုရင်ကြီး ဇော်ဝင်းထွဋ်တို့နဲ့အတူ မြန်မာနိုင်ငံရဲ့အကောင်းဆုံးတေးဂီတအနုပညာရှင်အချို့တို့ ဖျော်ဖြေခဲ့တဲ့ We Rock for Justice ဂီတပွဲကြီးကို လူပေါင်း ၈၀၀၀ ကျော်တို့ကပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ ဒီဂီတပွဲက တေးဂီတပညာရှင်တွေနဲ့အတူ နာမည်ကြီးသီချင်းတွေကို အတူလိုက်ဆိုပျော်ပါးကြတဲ့ ရိုးရိုးဂီတပွဲသာသာတော့ မဟုတ်ပါဘူး။

ဒီပွဲဟာဆိုရင် ပြောကြမယ် (Let's Talk! Campaign) ရဲ့ အရေးပါလှသောပွဲစဉ်တစ်ခုဖြစ်ပြီး ဥရောပသမဂ္ဂကထောက်ပံ့ကူညီတဲ့ ပရောဂျက်တစ်ခုပဲဖြစ်ပါတယ်။ ပြောကြမယ်ဆိုတဲ့ campaign က လူမျိုးဘာသာမရွေး ချမ်းသာသူဖြစ်စေ ဆင်းရဲသူဖြစ်စေ အားကြီးသူဖြစ်စေ အားနည်းသူဖြစ်စေ သန်စွမ်းသူဖြစ်စေ မသန်စွမ်းသူဖြစ်စေ လူသားအားလုံးအတွက် တရားမျှတမှုရှိဖို့ အရေးကြီးတယ် ဆိုတာကို လူအချင်းချင်းသတင်းစကားအဖြစ်ဖြန့်ကျက်ပြောကြားကြဖို့ရည်ရွယ်တာပဲ ဖြစ်ပါတယ်။ ဒီ campaign က တရားမျှတမှုကိုရရှိနိုင်ဖို့အတွက် တစ်ဦးနဲ့တစ်ဦး ဖွင့်ဟပြောဆိုဖို့ နားထောင်ဖို့ အားပေးကူညီဖို့ လိုအပ်တယ် ဆိုတာကို အားလုံးသိရှိဖို့အတွက် အလေးပေးပြောကြားလိုခြင်းပဲ ဖြစ်ပါတယ်။ အဲ့ဒီစိတ်ဓာတ်သဘောထားဟာ We Rock for Justice ဂီတပွဲကြီးရဲ့အသွေးအသားဖြစ်ပြီး ဖျော်ဖြေသွားကြတဲ့ တေးအနုပညာရှင်တို့ကလည်း တရားမျှတမှု၊ သာတူညီမျှရှိမှုတို့အပေါ် သူတို့ရဲ့ခံယူချက် သဘောထားတို့ကို မျှဝေပေးသွားတဲ့ ပွဲပဲ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းမြို့တော်ဝန် ဦးမောင်မောင်စိုးနဲ့ အနုပညာရှင် ဇာဏ်ခီတို့ဟာလည်း စတိတ်စင်ပေါ်မှာ ဥရောပသမဂ္ဂသံအမတ်ကြီး Kristian Schmidt နဲ့အတူ လာရောက်ကြတဲ့ ပရိသတ်တွေကိုကြိုဆိုခဲ့ကြပါတယ်။ ဥရောပသမဂ္ဂသံအမတ်ကြီး Kristian Schmidt က "မတရားမှုကိုတွေ့တဲ့အခါ တစ်ယောက်ကိုတစ်ယောက် ဘယ်လိုအကူအညီပေးကြမလဲ လူသားတစ်ယောက်အတွက်ရပိုင်၊ ရထိုက်တဲ့အခွင့်အရေးတွေရရှိဖို့ ဘယ်လိုရပ်တည်ကြမလဲဆိုတာကို စဉ်းစားကြည့်ကြရအောင်။ တရားမျှတမှုနဲ့ ခွင့်တူညီမျှရှိမှုအတွက် တောင်းဆိုတာဟာ ချဲ့ကားပြီးတောင်းဆိုနေတာမဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ ဒါဟာလူသားတိုင်းအတွက်အခြေခံလူ့အခွင့်အရေးဖြစ်လို့၊  အဲ့ဒါကြောင့် ခွင့်တူညီမျှရှိဖို့အတွက် ပြောကြမယ်၊ တရားမျှတမှုအတွက် ကြိုးစားကြမယ်" လို့ အားလုံးကိုတိုက်တွန်းလိုက်ပါတယ်။

Post category
News stories
Editorial sections
Myanmar (Burma)