THIS CONTENT HAS BEEN ARCHIVED

တရားမဝင် တောရိုင်း တိရစ္ဆာန် ရောင်းဝယ်ဖောက်ကားမှုအဆုံးသတ်ရေးနှင့် စပ်လျဉ်းပြီး ပြည်တွင်း ဥရောပသမဂ္ဂ၏ ထုတ်ပြန်ချက်

01.03.2019
Text

မြန်မာနိုင်ငံရှိ ဥရောပသမဂ္ဂ သံတမန်အကြီးအကဲများ၏ သဘောတူညီချက်ဖြင့် ဥရောပသမဂ္ဂ ကိုယ်စားလှယ်
အဖွဲ့သည် အောက်ပါ ထုတ်ပြန်ချက်ကို ထုတ်ပြန်လိုက်ပါသည်။

တောရိုင်းတိရစ္ဆာန် တရားမ၀င် ကုန်သွယ်မှုသည် ကမ္ဘာအနှံ့တွင် အကျိုးအမြတ် အများဆုံး ရရှိနိုင်သည့်
ရာဇဝတ်ပြစ်မှုမြောက် သော ဆောင်ရွက်မှုတစ်ခု ဖြစ်လာခဲ့ပြီး ဇီဝမျိုးစုံမျိုးကွဲအား အကြီးအကျယ် ပျက်စီးစေသည့်
အကျိုးသက်ရောက်မှုလည်း ရှိသလို ရေရှည်တည်တံ့သော ဖွံ့ ဖြိုးတိုးတက်မှု၊ ဆင်းရဲနွမ်းပါးမှု
တိုက်ဖျက်ရေးတို့အပေါ်တွင်လည်း အလွန် ပျက်စီးနိုင်စေသည့် သက်ရောက်မှု ရှိနေပါသည်။

၂၀၁၉ ခုနှစ် မတ်လ ၃ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ တောရိုင်းတိရစ္ဆာန်များနေ့တွင် မြန်မာနိုင်ငံ၏ အံ့ချီးဖွယ်
လည်းဖြစ်၊ မျိုးသုဉ်းပျောက်ကွယ်နိုင်သည့်ဘေးအန္တရာယ်လည်း ရှိနေသော တောရိုင်းတိရစ္ဆာန်များနှင့်
ဇီဝမျိုးစုံမျိုးကွဲတို့ကို ကာကွယ်စောင့်ရှောက်ရန် လွန်ခဲ့သည့်နှစ်အတွင်း အားဖြည့်ဆောင်ရွက်ခဲ့မှုများအတွက်
မြန်မာအစိုးရအား ဥရောပသမဂ္ဂ သံတမန် အကြီး အကဲများနှင့်တစ်ကွ အဖွဲ့ဝင်နိုင်ငံများက ဂုဏ်ပြုချီးကျူးလိုပါသည်။
၂၀၁၈ ခုနှစ် မေလတွင် ပြည်ထောင်စု လွှတ်တော်က ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများ ကာကွယ်
စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းခြဲ့ပီး ထိုဥပဒေမှာ ဤဒေသအတွင်းမှ တောရိုင်းတိရစ္ဆာန်ကာကွယ်
စောင့်ရှောက်ရေး ဥပဒေများအနက် အားအကောင်းဆုံး၊ အခိုင်မာဆုံး ဥပဒေတစ်ရပ်ဖြစ်ပါသည်။ ကမ္ဘာ့ တောရိုင်း
တိရစ္ဆာန်များနေ့တွင် မြန်မာနိုင်ငံအစိုးရသည် ဖမ်းဆီးရမိထားသော ဆင်စွယ်များနှင့်
တောရိုင်းတိရစ္ဆာန်အစိတ်အပိုင်းများ ကို လူသိရှင်ကြား ဖျက်ဆီးပစ်ပါလိမ့်မည်။ ဤသည်မှာ
သိုလှောင်သိမ်းဆည်းထားသော ပစ္စည်းများ အားလုံးကို ဖျက်ဆီးခြင်းအစီအစဉ်များ၏ အစိတ်အပိုင်းတစ်ခုလည်း
ဖြစ်ပါသည်။ ၂၀၁၈ ခုနှစ် အောက်တိုဘာလမှ စတင်ပြီး ရန်ကုန်တိုင်း အတွင်း တောရိုင်းတိရစ္ဆာန် တရားမဝင်
ရောင်းချမှုများအားလုံးကို ရန်ကုန်တိုင်းဒေသကြီးအစိုးရက တားမြစ်ခဲ့ပါသည်။ ပြည်ထောင်စုအစိုးရကလည်း
ဤတားမြစ်ချက်ကို တစ်နိုင်ငံလုံး ဖြန့်ကျက်ရန် ကတိကဝတ်ပြုထား ပါသည်။ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံအချို့က
ထောက်ခံပံ့ပိုးပေးသော တောရိုင်းတိရစ္ဆာန်များအတွက် အသံ မဟာမိတ်အဖွဲ့တွင် အခြေခံလျက် အများပြည်သူ
အသိပညာပေးရေး စည်းရုံးလှုံ့ဆော်မှုများ၊ ၄င်းမှ တစ်ဆင့် တရားမဝင် တောရိုင်းတိရစ္ဆာန် ရောင်းဝယ်ဖောက်ကားမှု
အရေးကိစ္စများတွင် ပါဝင် ပတ်သက်မှုတို့ကိုလည်း ပြည်ထောင်စုအစိုးရက တိုးမြှင့်ဆောင်ရွက်ခဲ့ပါသည်။၂၀၁၈ ခုနှစ်
အောက်တိုဘာလတွင် တောရိုင်းတိရစ္ဆာန် တရားမဝင် ရောင်းဝယ်ဖောက်ကားမှုနှင့် စပ်လျဉ်းသည့် လန်ဒန်ညီလာခံကို
ယူကေက ကမကထပြုခဲ့ပြီး လွန်ခဲ့သည့်နှစ်အတွင်းက အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့မှုများကို မြန်မာအစိုးရက အဆိုပါ
ညီလာခံ တွင် အသေးစိတ် တင်ပြခဲ့ပါသည်။

အဆိုပါ ခြေလှမ်းများကို ထိုက်ထိုက်တန်တန် ချီးကျူးထိုက်ပါသည်။ သို့ရာတွင် မြန်မာနိုင်ငံသည် စိန်ခေါ်မှုများကို
ရင်ဆိုင် နေရဆဲလည်း ဖြစ်သည်။ ဥပမာအားဖြင့် ဆင်စွယ်နှင့် အခြားအစိတ်အပိုင်းများအတွက် ဆင်များအား

ခိုးယူဖမ်းဆီး မှုမှာ ကမ္ဘာတစ်လွှားတွင်ရော မြန်မာနိုင်ငံတွင်ပါ ကြီးမားလှသော ပြဿနာတစ်ရပ်အဖြစ် ရှိနေဆဲပင် ဖြစ်ပါသည်။ တောရိုင်း တိရစ္ဆာန် ကာကွယ်ရေး တောထိန်း ကင်းလှည့်အဖွဲ့များ တိုးမြှင့်ဆောင်ရွက်ချက်ကြောင့် တစ်စိတ် တစ်ပိုင်းဖြစ်သော မြန်မာနိုင်ငံအတွင်း ဆင်သားရေခွာခြင်း အရေးအခင်းမှာ လျော့ပါးသွားခဲ့လင့်ကစား တောရိုင်း ဆင်များသာမက သင်းခွေချပ်၊ ကျား၊ ပင်လယ်လိပ်များကဲ့သို့ မျိုးသုဉ်းပျောက်ကွယ်လုနီးနေသည့် သတ္တဝါများအား ကာကွယ် စောင့်ရှောက်ရန် မြန်မာနိုင်ငံက ရုန်းကန်အားထုတ်နေရဆဲလည်း ဖြစ်ပါသည်။
ထို့ကြောင့် တောရိုင်းတိရစ္ဆာန် တရားမဝင် ရောင်းဝယ်ဖောက်ကားမှုကို ကိုင်တွယ်ရန် မြန်မာအစိုးရ၏ နောက်ထပ် အရေးယူဆောင်ရွက်မှုများအပေါ် ကျွန်ုပ်တို့၏ ထောက်ခံပံ့ပိုးမှုကို ဖော်ပြလိုပါသည်။ ဥပမာအားဖြင့် မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများအပါအဝင် တောရိုင်းတိရစ္ဆာန်အစိတ်အပိုင်များ တရားမဝင် ရောင်းချမှု အား တစ်နိုင်ငံလုံအတိုင်းအတာဖြင့် တားဆီးခြင်းကို မြန်မာအစိုးရက အဆောတလျင်ဆောင်ရွက်မည်ဆိုပါက ကောင်းမွန်သည့် အကျိုးသက်ရောက်မှုများ ရှိလာမည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။
တောရိုင်းတိရစ္ဆာန် တရားမ၀င်ရောင်းချမှုများအား တားမြစ်မှုကို ထိထိရောက်ရောက် ဆောင်ရွက်ခြင်း၊ တောရိုင်းတိရစ္ဆာန် တရားမဝင် ကုန်သွယ်မှုမှ ထွက်ပေါ်လာသော တရားမဝင် ငွေကြေးစီးဆင်းမှုများကို ကိုင်တွယ်ဆောင်ရွက်ခြင်းတို့ ကဲ့သို့ အခြား အရေးယူဆောင်ရွက်မှုများလုပ်ဆောင်ပါက မြန်မာနိုင်ငံသည် တောရိုင်းတိရစ္ဆာန်များနှင့် စပ်လျဉ်းသည့် ရာဇဝတ် ပြစ်မှုကို လုံးဝ သည်းမခံကြောင်း သတင်းစကားကို ပိုမိုခိုင်မာလာစေပါလိမ့်မည်။ တရုတ်နိုင်ငံတွင်ဖြစ်စေ၊ အခြား နေရာတွင်ဖြစ်စေ ရှိနေသည့် သုံးစွဲသူ ၀ယ်လိုအားများကို ဖြည့်ဆည်းရန် ပြစ်မှုကျူးလွန်သူများက တောရိုင်း တိရစ္ဆာန် တရားမဝင် ထုတ်ကုန်များကို ရောင်းချနေသမျှ ကာလပတ်လုံး မြန်မာနိုင်ငံ၏ တောရိုင်းတိရစ္ဆာန်များမှာ ဘေးအန္တရာယ် ဆက်လက်ရှိနေလိမ့်မည် ဖြစ်သလို ရာဇဝတ်ပြစ်မှုဂိုဏ်းများ၏ အိတ်ထောင်များကိုလည်း ဤ ရောင်းဝယ်ဖောက်ကားမှုက ဆက်လက် ဖြည့်တင်းပေးနေမည့်အပြင် မြန်မာနိုင်ငံ၏ လှပပြီး မျိုးစုံမျိုးကွဲ ရှိနေသော တောရိုင်းတိရစ္ဆာန်များကိုလည်း ဆက်လက် ခိုးယူနေကြလိမ့်မည် ဖြစ်ပါသည်။

တောရိုင်းတိရစ္ဆာန် ကုန်ကူးမှုအား အဆုံးသတ်ရေးမှာ အားလုံးနှင့် သက်ဆိုင်သော တာဝန်ဖြစ်သကဲ့သို့ ကျွန်ုပ်တို့ အားလုံး ခိုင်မာသော အရေးယူဆောင်ရွက်မှုကို မလွဲမသွေ ပြုလုပ်ကြရမည် ဖြစ်ပါသည်။ ၂၀၁၆ ခုနှစ်တွင် တောရိုင်းတိရစ္ဆာန် ကုန်ကူးမှု ဆန့်ကျင်ရေး ဥရောပသမဂ္ဂ လုပ်ငန်းစီမံချက်ကို ဥရောပသမဂ္ဂက ပြဋ္ဌာန်းခဲ့ပါသည်။ ထိုအချိန်မှ စတင်ပြီး အဆိုပါ တရားမဝင် လုပ်ရပ်များအား တစ်ကမ္ဘာလုံးအတိုင်းအတာနှင့် ဆန့်ကျင်တိုက်ဖျက်ရေး အတွက် ကျွန်ုပ်တို့၏ ပြည့်စုံကျယ်ပြန့်သော ဥပဒေရေးရာ မူဘောင်အား ပိုမိုတောင့်တင်းအောင် အရေးယူဆောင်ရွက် ခြင်း၊ ပိုမို ကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှု၊ ပိုမိုထိရောက်သော ကြိုတင်ကာကွယ်မှုတို့ဖြင့် ဥရောပသမဂ္ဂ၏ အခန်းကဏ္ဍကို တောင့်တင်းခိုင်မာလာစေရန် ဆောင်ရွက်ချက်များအား ဥရောပသမဂ္ဂနှင့်တကွ အဖွဲ့ဝင်နိုင်ငံများက တိုးမြှင့်ခဲ့ပါသည်။ မြန်မာနိုင်ငံက ၁၉၉၇ ခုနှစ်တွင် သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး ဥရောပသမဂ္ဂက ၂၀၁၅ ခုနှစ် တွင် လက်မှတ်ရေးထိုးခဲ့သည့် မျိုးသုဉ်းပျောက်ကွယ်လုနီးနေသော မျိုးစိတ်များအား နိုင်ငံတကာ ကုန်သွယ်မှုနှင့် စပ်လျဉ်းသည့် အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်အား လက်မှတ်ရေးထိုးထားသော အဖွဲ့ဝင် များ၏ ညီလာခံ (CITES CoP18, သီရိလင်္ကာနိုင်ငံ)က တစ်ကမ္ဘာလုံးတွင် တောရိုင်းတိရစ္ဆာန်ကုန်သွယ်မှုအား ကိုင်တွယ် ရေးအတွက် ကျွန်ုပ်တို့၏ ကတိကဝတ်များကို အရေးယူဆောင်ရွက်ချက်များအဖြစ် ပြောင်းလဲခွင့် ရရှိလာစေလိမ့်မည် လည်း ဖြစ်ပါသည်။

Category
Local Statements
Location

Yangon

Editorial sections
Myanmar (Burma)