THIS CONTENT HAS BEEN ARCHIVED

အီးယူ သံအမတ်သစ် Kristian Schmidt မှ နိင်ငံတော်သမ္မတဦးထင်ကျော်ထံသို့ သံအမတ်အဖြစ် ခန့် အပ်ကြောင်း သ၀ဏ်လွှာပေးအပ်

17.10.2017
Teaser

ယနေ့ နေပြည်တော်ရှိ သမ္မတအိမ်တော်၌ မြန်မာနိင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီးအဖြစ် အသစ် ခန့်အပ်ခြင်းခံရသည့် Mr. Kristian SCHMIDT မှ ပြည်ထောင်စု သမ္မတမြန်မာနိင်ငံ၊ နိင်ငံတော်သမ္မတ ဦးထင်ကျော်ထံသို့ ၎င်း၏သံအမတ်ခန့်အပ်လွှာအား ပေးအပ်ခဲ့ပါသည်။

Text

ယနေ့ နေပြည်တော်ရှိ သမ္မတအိမ်တော်၌ မြန်မာနိင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီးအဖြစ် အသစ် ခန့်အပ်ခြင်းခံရသည့် Mr. Kristian SCHMIDT မှ ပြည်ထောင်စု သမ္မတမြန်မာနိင်ငံ၊ နိင်ငံတော်သမ္မတ ဦးထင်ကျော်ထံသို့ ၎င်း၏သံအမတ်ခန့်အပ်လွှာအား ပေးအပ်ခဲ့ပါသည်။ သံအမတ်ကြီး Schmidt မှာ နောက်လာမည့်လေးနှစ်အတွင်း မြန်မာနိင်ငံအတွက် ဥရောပသမဂ္ဂအား ကိုယ်စားပြုသွားမည် ဖြစ်ပြီး ရန်ကုန်မြို့ရှိ အီးယူသံရုံးအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်သွားမည် ဖြစ်သည်။

“ဆယ်စုနှစ်များစွာ တစ်သီးတစ်သန့် ရပ်တည်လာခဲ့ရမှုတွေကနေ ရုန်းထွက်ပြီး နိင်ငံတကာအသိုင်းအ၀ိုင်းကို ဂုဏ်သိက္ခာရှိရှိ၊ ယုံကြည်မှုအပြည့်နဲ့ ပြန်လည်ဝင်ရောက်မယ်လို့ မြန်မာပြည်သူလူထုအနေနဲ့ ဒီမိုကရေစီနည်းကျကျ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး မြန်မာနိင်ငံအနေနဲ့ တစ်မူထူးခြားမှုတစ်ခုခုရရှိ အောင်မြင်လိမ့်မယ်ဆိုတာ ရိုးသားစွာ ယုံကြည်တဲ့အတွက် မြန်မာနိင်ငံအတွက် ဥရောပသမဂ္ဂကို ကိုယ်စားပြုကာ တာဝန်ထမ်းဆောင်ဖို့ လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။ ခေတ်မီပြီး ငြိမ်းချမ်းသာယာဝပြောတဲ့ ဒီမိုကရေစီနိင်ငံတစ်ခုဖြစ်လာစေဖို့ ဆောင်ရွက်ရာမှာ စိန်ခေါ်မှုများကိုကျော်လွှားနိင်ဖို့ များစွာ ကြိုးစားအားထုတ်ကြဖို့ လိုပါတယ်။ ဒီအတွက် ဘယ်သူကမှ အဆွေတော်တို့အတွက် ကြိုးစားပေးနိင်မှာ မဟုတ်ပါဘူး။ သို့သော်လည်း ကျွန်တော့်အနေနဲ့ နောက်လာမယ့် လေးနှစ်အတွင်း အဆွေတော်တို့နဲ့ အတူတကွ လျှောက်လှမ်းသွားမယ်လို့ မျှော်လင့်မိပါတယ်၊” ဟူ၍ သံအမတ်ကြီး Schmidt မှ ခန့်အပ်လွှာပေးအပ်ပွဲပြီးသည့်နောက် ပြောကြားခဲ့ပါသည်။

သံအမတ်ကြီး Schmidt မှာ ယခင်ယူဂန်ဒါနိင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံကိုယ်စားလှယ်အဖွဲ့ အကြီးအကဲ အနေဖြင့် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး ဘရပ်ဆဲလ်မြို့ရှိ ဥရောပသမဂ္ဂ ရုံးချုပ်များ တွင်လည်း အကြီးတန်းတာဝန်အတော်များများကို ယူခဲ့ဖူးသူတစ်ဦး ဖြစ်သည်။ သံအမတ်ကြီး Schmidt မှာ ဒိန်းမတ်နိင်ငံသားတစ်ဦးဖြစ်ပြီး ဖွံ့ဖြိုးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ လုံခြုံရေးနှင့် ငြိမ်းချမ်းရေး ထိန်းသိမ်းမှုဆိုင်ရာ ကိစ္စရပ်များတွင် အတွေ့အကြုံများစွာ ရှိထားသူ တစ်ဦးဖြစ်သည်။

 

အသေးစိတ် အချက်အလက်များပါဝင်သည့် CV ကို https://eeas.europa.eu/users/kristian-schmidt_en  တွင် ၀င်ရောက် ကြည့်ရှု့နိင်ပါသည်။

သတင်းထုတ်ပြန်မှုဆိုင်ရာ စုံစမ်းမေးမြန်းမှုများအား Valerie Zirl, Public Diplomacy Adviser at the EU Delegation in Yangon, at valerie.zirl@eeas.europa.eu or +95-92-6114 9098” သို့ ဆက်သွယ် မေးမြန်းနိင်ပါသည်။

Category
Press releases
Location

ရန်ကုန

Editorial sections
Myanmar (Burma)