#စိန်ခေါ်မှုအစစ်အမှန် : ကိုယ့်အခွင့်အရေးအတွက် ထုတ်ပြောလိုက်ပါ၊ ကလေးတို့

10.12.2019

ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ် နှစ် ၃၀ ပြည့်အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂမှ ကလေးသူငယ်များ၏ အနုပညာလက်ရာများအတွက် ဆုပေါင်း ၃၀+၁ ဆု ပေးအပ်ချီးမြှင့်

“တချို့က အနိုင်ကျင့်ခံရတယ်ဆိုတာ ကျောင်းမှာအမြဲဖြစ်နေကျပဲလို့ ပြောတယ်။ ဒါမှ ယောက်ျားပီသမှာတဲ့။”

“ကျွန်တော်ကတော့ ကလေးသူငယ်တွေကို အဲဒီလိုပြုစုပျိုးထောင်ရမယ်လို့ မထင်ဘူး။ ယှဉ်ပြိုင်မှုဆိုတာတော့ ရှိရမှာပေါ့၊ ဒါပေမဲ့ အသိဉာဏ်ပြိုင်တာနဲ့ အားကစားပြိုင်တာမျိုးပဲ ဖြစ်သင့်တယ်၊ ရုပ်ပိုင်းဆိုင်ရာ/စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်တာမျိုးမှာ မပြိုင်သင့်ဘူး။”

အထက်ပါဖော်ပြချက်များသည်  #TheRealChallenge campaign of the European Union and UNICEF ကြောင့် မြန်မာနိုင်ငံဆိုရှယ်မီဒီယာတွင် တုံ့ပြန်ဆွေးနွေးမှုများ များစွာရှိလာသည့်အနက် ဥပမာအချို့ ဖြစ်ပါသည်။ #TheRealChallenge သည် ကမ္ဘာတစ်ဝန်းတွင်ရှိသော ကလေးသူငယ်များမှ TikTok နှင့် အခြား သူတို့ကြိုက်နှစ်သက်ရာ ဆိုရှယ်မီဒီယာပလက်ဖောင်းများအား အသုံးချကာ သူတို့၏ အခွင့်အရေးများအတွက် ရပ်တည်ထုတ်ဖော်ခြင်းကို အားပေးသောအစီအစဉ် ဖြစ်ပါသည်။ ကလေးသူငယ်များ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခြင်းမရှိဘဲ ကလေးသူငယ်အခွင့်အရေးရရှိမှုများ ပိုမိုကောင်းမွန်လာအောင် လုပ်ဆောင်ရန်မှာ မဖြစ်နိုင်ပေ။ #TheRealChallenge ကို ကြည့်ရှုမှုပေါင်း ၂၈၂ သန်း ရှိသည်ဟူသော အချက်က ကလေးသူငယ်များတွင် သူတို့၏ကိုယ်ပိုင်အသံရှိကာ ၎င်းအသံကို အသုံးချပြောဆိုရန်လည်း ကြောက်ရွံ့မနေကြောင်း သက်သေပြနေပါသည်။

Drawing

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသည်လည်း ကလေးသူငယ်များ မိမိကိုယ်ကိုယ် ဖွင့်ဟထုတ်ဖော်ပြနိုင်စေရန် ၎င်းတို့၏ ကိုယ်ပိုင်လှုပ်ရှားမှုအနေဖြင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ် နှစ် ၃၀ ပြည့် အထိမ်းအမှတ်အဖြစ် ကလေးသူငယ်ပန်းချီပြိုင်ပွဲကို စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။ ကောင်းမွန်သော ပညာရေး၊ ဆော့ကစားချိန်နှင့် အနားယူချိန် ရရှိရေး၊ မိမိတို့၏ အသံများကို ကြားနိုင်စေမည့် နေရာတစ်ခုရှိရေး ဟူသော ကလေးသူငယ်များအတွက် လူ့အခွင့်အရေးကို ဆွေးနွေးပြောဆိုရာတွင် အနုပညာသည် အစဉ်အမြဲဩဇာကြီးသော နည်းလမ်းတစ်ရပ်ဖြစ်ပါသည်။

Drawing

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံတစ်ဝန်းရှိ ကလေးသူငယ်များထံမှ လှပသေသပ်သော ပန်းချီကား ၂၀၀ နီးပါးကို လက်ခံရရှိခဲ့ပါသည်။ ဤပန်းချီကားများသည် အနုပညာတန်ဖိုးရှိရုံတင်မကဘဲ ကလေးသူငယ်များ၏ စိတ်ကူးပုံဖော်နိုင်စွမ်း၊ ဟာသဉာဏ်၊ စိတ်ဓာတ်ကြံ့ခိုင်မှု နှင့် ဉာဏ်ရည်မြင့်မားမှုတို့၏ သက်သေသက္ကာယလည်း ဖြစ်ပါသည်။ ပန်းချီကားများအားလုံးကို ကျွန်ုပ်တို့၏ အွန်လိုင်းပန်းချီခန်းမ : https://www.instagram.com/euinmyanmar4children တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ သင့်အနေဖြင့် တာဝန်ကျေပွန်စေရန်လည်း မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းရှိ ကလေးသူငယ်များ၏ အခွင့်အရေးများအတွက် ထောက်ခံရပ်တည်သည့်အနေနှင့် #TheRealChallenge လှုပ်ရှားမှုတွင် ပါဝင်စေလိုပါသည်။

Drawing