ရောပသမဂ္ဂ၏ မြန်မာနိုင်ငံတွင်ချီးမြှင့်သော ၂၀၂၀ ခုနှစ် ရှူးမန်းဆုများသည် လွတ်လပ်မှုနှင့် အခြားသောအခွင့်အရေးများအတွက် ကြိုးပမ်းအားထုတ်သည့် ရဲစွမ်းသတ္တိကို ဂုဏ်ပြုကြိုဆို

19.02.2020

မဆုတ်မနှစ် ရဲစွမ်းသတ္တိများ၏ ပေါင်းဆက်မှုအဖြစ် ယခုနှစ် ရှူးမန်းဆုကို လက်ခံရရှိသူများမှာ အမျိုးသမီးအခွင့်အရေးများအတွက် တက်ကြွစွာလှုပ်ရှားဆောင်ရွက်သူ လွေးပိုးငယ်၊ လူ့အခွင့်အရေးဆိုင်ရာ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့် နှင့် ဒေါင်းတို့မျိုးဆက် သံချပ်အသင်း တို့ဖြစ်ကြပါသည်။ ၎င်းတို့သည် လွတ်လပ်စွာ ထုတ်ဖော်ခွင့် နှင့် အခြားသော အခွင့်အရေးများအတွက် ၎င်းတို့၏ ကိုယ်ပိုင်လွတ်လပ်မှုကို အဆုံးရှုံးခံ၍ ရင်ဆိုင်တိုက်ခိုက်နေသူများပင်ဖြစ်ကြသည်။

မဆုတ်မနှစ် ရဲစွမ်းသတ္တိများ၏ ပေါင်းဆက်မှုအဖြစ် ယခုနှစ် ရှူးမန်းဆုကို လက်ခံရရှိသူများမှာ အမျိုးသမီးအခွင့်အရေးများအတွက် တက်ကြွစွာလှုပ်ရှားဆောင်ရွက်သူ လွေးပိုးငယ်၊ လူ့အခွင့်အရေးဆိုင်ရာ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့် နှင့် ဒေါင်းတို့မျိုးဆက် သံချပ်အသင်း တို့ဖြစ်ကြပါသည်။ ၎င်းတို့သည် လွတ်လပ်စွာ ထုတ်ဖော်ခွင့် နှင့် အခြားသော အခွင့်အရေးများအတွက်  ၎င်းတို့၏ ကိုယ်ပိုင်လွတ်လပ်မှုကို အဆုံးရှုံးခံ၍ ရင်ဆိုင်တိုက်ခိုက်နေသူများပင်ဖြစ်ကြသည်။

၂၀၁၇ ခုနှစ်မှစတင်၍ နှစ်စဉ်နှစ်တိုင်း ဥရောပသမဂ္ဂသည် ဒီမိုကရေစီ၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးတို့အတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသူများကို အသိမှတ်ပြုဂုဏ်ပြုလျက်ရှိပါသည်။
“လေးကြိမ်မြောက်အဖြစ် ကျွန်တော်တို့က အကျဉ်းစခန်းများအတွင်း၊ တရားရုံးအတွင်းများ မှ ၊ ဒါမှမဟုတ် မြန်မာနိုင်ငံတဝှန်း ကျေးရွာများမှ ၎င်းတို့ရဲ့ လုပ်ဆောင်မှုများက ထွန်းထွန်တောက်ပေါ်ထွက်လာပြီး အခြားသူများရဲ့ လွတ်လပ်မှုကို သယ်ဆောင်လာတဲ့ သူတွေကို အသိမှတ်ပြုခြင်းဖြစ်ပါတယ်။ သူတို့က  ပြည်ထောင်စုမြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီရရှိရေးအတွက် ကူညီဆောင်ရွက်ပေးနေကြသူ တွေပဲဖြစ်ကြပါတယ်။"ဟု မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး Kristian Schmidt ကဆိုသည်။

၂၀၂၀ ခုနှစ် ရှူးမန်းဆုရှင်များ

conference

လွေးပိုးငယ်၊ အမျိုးသမီးအခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူ နှင့် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ၏ အထွေထွေအတွင်းရေးမှူး

လွေးပိုးငယ်သည် မြန်မာနိုင်ငံရှိ အမျိုးသမီးများ နှင့် တိုင်းရင်းသားများ၏ အခွင့်အရေးအတွက် သူမ၏ စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်မှုအတွက် ၂၀၂၀ ခုနှစ် ရှူးမန်းဆုကို လက်ခံရရှိပါသည်။

အသက် ၃၁ နှစ်အရွယ် ရှမ်းပြည်နယ် တောင်ပိုင်းဒေသမှ တအာင်းအမျိုးသမီးတစ်ဦးဖြစ်သည့် လွေးပိုးငယ်သည် အကြောက်တရား၊ ဖိနှိပ်ချုပ်ချယ်မှု နှင့် အမျိုးသမီးများအတွက် အခွင့်အလမ်းများမရှိခြင်း အစရှိသည့်အရာများ တည်ရှိနေသော ကျေးရွာတစ်ရွာတွင် ကြီးပြင်းလာသူတစ်ဦးဖြစ်ပါသည်။ “အမျိုးသမီးတွေဆိုရင် သူ့ရဲ့မိသားစုတွင်းမှာ သော်လည်းကောင်း ယောက်ကျားတွေရဲ့ ဖိနှိပ်ခြင်းခံရတယ်။ ကျွန်မ ကိုယ်တိုင်လည်း အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ အတွက်ကြောင့် ဒီလို ခွဲခြားဆက်ဆံခံရတဲ့ ဘဝကနေ လွတ်မြောက်ချင်တယ်။ ဖိနှိပ်ခံနေရတဲ့ ဘဝကနေ လွတ်မြောက်ချင်တယ်။ ဒါကြောင့် အမျိုးသမီးအခွင့်အရေးတွေ လူ့အခွင့်အရေးတွေ တိုင်းရင်းသားအခွင့်အရေးတွေ အတွက် အလုပ်လုပ်မှဖြစ်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ အခုအချိန်အထိ အထူးသဖြင့်ပေါ့နော် အမျိုးသမီးအခွင့်အရေးနဲ့ ပတ်သက်ပြီးတော့မှ လုပ်ဆောင်နေတာဖြစ်ပါတယ်။" ဟု သူမက ဆိုသည်။

 အသက် ၁၆ နှစ်အရွယ်တွင် လွေးပိုးငယ်သည် တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) သို့ စတင်ဝင်ရောက်ခဲ့ပြီး အမျိုးသမီးနှင့် လူ့အခွင့်အရေး ဆိုင်ရာများကို ထိုင်းနိုင်ငံတွင် သင်ကြားခဲ့ပါသည်။ ၂၀၀၈ ခုနှစ်တွင် TWO ၏ နည်းပြတစ်ဦးအဖြစ် သူမသည် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာပြီး မြန်မာ၊ထိုင်းနှင့် တရုတ်နယ်စပ်ဒေသရှိ ကျေးရွာများသို့ တစ်ရွာဝင်တစ်ရွာထွက်၍ တအာင်းအမျိုးသမီးငယ်များအား ၎င်းတို့၏ အခွင့်အရေးများနှင့်ပတ်သက်၍ အသိပညာများပေးလေ့ရှိပါသည်။ သူမ၏ သိုသိပ်စွာလုပ်ဆောင်မှုများက သူမအား သုံးကြိမ်တိုင် ဖမ်းဆီးအကျဉ်းချခံ ရစေသည်။ ဤကဲ့သို့သော ကြောက်ရွံမှုများက သူမ၏ အမျိုးသမီးများနှင့်လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုနှင့် လူကုန်ကူးမှုများမှ လွတ်မြောက်လာသူများအား စွမ်းဆောင်ရည်မြှင့်တင်မှုကို ရပ်တန့်မသွားစေပါ။

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့

group photo

 သရော်ဟန်စွက်လေ့ရှိသည့် သံချပ်  အဖွဲ့ဖြစ်သော “‌ဒေါင်းတို့မျိုးဆက်” သည် မြန်မာနိုင်ငံတွင်း လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ကာကွယ်သည့် ၎င်းတို့၏ သတ္တိအတွက် ၂၀၂၀ ခုနှစ် ရှုးမန်းဆုကို ရရှိသည်။

၂၀၁၉ ခုနှစ်၊ ဧပြီလ တွင် ဒေါင်းတို့မျိုးဆက် အဖွဲ့ဝင်အချို့သည် ၎င်းတို့၏ သံချပ်ဖျော်ဖြေမှုကြောင့် ဖမ်းဆီး ထိန်းသိမ်းခြင်း ခံခဲ့ရသည်။ သံချပ်ဆိုသည်မှာ ခေတ် ၊ စနစ် ၊ အခြေအနေ အပေါ် စကားအလှ ကဗျာ ၊ ဟာသ နှင့် အကတို့ဖြင့် ပေါင်းစပ်ဖော်ကျူးလေ့ ရှိသည့် မြန်မာ့ရိုးရာ အနုပညာ တစ်ရပ် ဖြစ်သည်။

တပ်မတော်အား ထိခိုက်စေသည်ဟု စွပ်စွဲခံရသည့် ၎င်းတို့၏ ဖျော်ဖြေမှုကြောင့် အဆိုပါ သံချပ်အဖွဲ့ဝင်များသည် တရားရင်ဆိုင်ဆဲကာလတွင်း ခြောက်လကြာ ထိန်းသိမ်းခံရပြီးနောက် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) နှင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) အရ ပြစ်မှုထင်ရှားကြောင်း တွေ့ရှိရသဖြင့် ထောင်ဒဏ် တစ်နှစ် ချမှတ်ခံရခဲ့သည်။ ယင်းအဖွဲ့မှ အဖွဲ့ဝင် ခြောက်ဦး ဖြစ်သည့် မကေခိုင်ထွန်း ၊ ကိုဇေယျာလွင် ၊ ကိုပိုင်ဖြိုးမင်း ၊ ကိုပိုင်ရဲသူ ၊ ကိုဇော်လင်းထွဋ် နှင့် မဆုရတနာမြင့် တို့သည် လက်ရှိတွင် ထောင်ဒဏ်ကျခံနေရသည်။

“သံချပ်ဆိုတာ ရာဇဝတ်မှုတစ်ခု မဟုတ်ပါဘူး ။ ခြေကျင်းတွေ လက်ထိပ်တွေနဲ့ သံချပ်ရဲ့ အလှတရား၊ သံချပ်ရဲ့ စွမ်းအားတွေကို ဖျက်ဆီးပိတ်ပင်လို့မရနိုင်ပါဘူး။ ဒီဆုဟာ ထောင်ထဲမှာ ရှိနေကြတဲ့ ကျွန်တော်တို့ရဲ့ ရဲဘော်တွေကို အသိအမှတ်ပြု ဂုဏ်ပြုပေးတာဖြစ်သလို သံချပ် နဲ့ သူ့ရဲ့အနှစ်သာရဖြစ်တဲ့ လွတ်လပ်စွာ ပြောရေးဆိုခွင့်ကို အားပေးချီးမြောက်မှုတစ်ခု၊ ကျွန်တော်တို့အတွက် ခွန်အားတစ်ခုဖြစ်ပါတယ်။ ဒေါင်းတို့မျိုးဆက်က အသံတိတ် နေမှာမဟုတ်ဘဲ ကျွန်တော်တို့ရဲ့ အသံက ပိုပြီးကျယ်လာဖို့ဘဲရှိပါတယ်။” ဟုဒေါင်းတို့မျိုးဆက်၏ ပူးတွဲတည်ထောင်သူ နန်းလင်းက ဆိုသည်။

 

person speaking at an event

ဦးကြီးမြင့်၊ လူ့အခွင့်အရေးဆိုင်ရာ တရားလွှတ်တော်ရှေ့နေ

တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်သည် မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေး နှင့် လူ့အခွင့်အရေးများရရှိအောင် ၎င်း၏ မမောမပန်း ကြိုးပမ်းအားထုတ်မှုအတွက် ၂၀၂၀ ခုနှစ် ရှူးမန်းဆုကို လက်ခံရရှိပါသည်။

မြန်မာ့ ထင်ပေါ်ကျော်ကြားသော လူ့အခွင့်အရေးဆိုင်ရာ တရားလွှတ်တော်ရှေ့နေ နှင့် နိုင်ငံရေးအကျဉ်းသား တစ်ဦးဖြစ်သည့် ဦးကြီးမြင့်သည် ဒီမိုကရေစီရရှိရေးအတွက်  တက်ကြွစွာ လှုပ်ရှားသူ ချန်ပီယံတစ်ဦးလည်းဖြစ်ပါသည်။ ၎င်းသည် နိုင်ငံရေးနှင့်သက်ဆိုင်သော တရားစွဲဆိုခံရသည့် အမှုများအား  ရှေ့နေ လိုက်ပေးခြင်း ၊ တစ်ခါတစ်ရံတွင် အခမဲ့ရှေ့နေလိုက်ပေးခြင်းကို ဆယ်စုနှစ်ကျော်ကြာ လုပ်ဆောင်ခဲ့ပါသည်။ ၎င်းသည် မီဒီယာများတွင် ဖော်ပြခံရသူ၊ ကလောင်စွမ်းထက်သော စာရေးဆရာ နှင့် မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေများအား ဦးဆောင်လမ်းပြပြုသူ တစ်ဦးလည်းဖြစ်ပါသည်။ တရားဥပဒေစိုးမိုးရေး၊ သတင်းအချက်အလက်များ လွတ်လပ်စွာရရှိရေး နှင့် အုပ်ချုပ်မှုစနစ်ကောင်းဖြစ်ပေါ်လာရေးအတွက် ထောက်ခံ အားပေး လုပ်ဆောင်လျက်ရှိသည်။ ယမန်နှစ် အစောပိုင်းတွင် ဦးကြီးမြင့်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ မှတ်ချက်ပြု ပြောဆိုခဲ့သည့်အတွက် ငါးကြိမ်တိုင် အကျဉ်းချခံခဲ့ရပြီး အသက် ၇၅ နှစ်အရွယ် ရှေ့နေဖြစ်သည့် ၎င်းသည် တပ်မတော်နှင့် တပ်မတော်အကြီးအကဲများအား အသားရေညှိုးနွမ်းစေသည်ဟု စွပ်စွဲခံရမှုအတွက် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ ဖြင့် တရားစွဲဆိုခံရပါသည်။

"အချို့သူတွေက ကျွန်တော်နဲ့အလုပ်တူတူလုပ်ရမှာ မလိုလားဘူး။ သူတို့ကတော့ ကြောက်တာပေါ့။ ကျွန်တော်က လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အတွက် တိုက်ပွဲဝင်နေသူတစ်ဦးဆိုတော့ ကျွန်တော်နဲ့ ပေါင်းလို့ မဖြစ်ဘူး၊ မကြာခင်အဖမ်းခံရမှာပဲ ဆိုပြီး ကြောက်ကြတယ်။ ကျွန်တော့်အနေနဲ့ ပြောသင့်ပြောထိုက်တာကို ပြောဆိုသွားမှာပါပဲ။ မပြောပဲ မဆိုပဲနေမယ်ဆိုရင် ပိုပြီးတော့ ကြောက်စရာရှိ လာလိမ့်မယ်။" ဟု မြန်မာနိုင်ငံရှေ့နေများကွန်ရက်နှင့် ပြည်ထောင်စုရှေ့နေများနှင့် ဥပဒေအထောက်အကူ ပြုသူများ အဖွဲ့ ပူးတွဲ တည်ထောင်သူ ဦးကြီးမြင့်က ဆိုသည်။

နောက်ခံအကြောင်းအရာ

ရှူးမန်းဆုများကို ဥရောပသမဂ္ဂ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွေထဲမှ တစ်ခုဖြစ်သည့် ရောမစာချုပ် ၏ နှစ် ၆၀ ပြည့် အထိမ်းအမှတ်အဖြစ်၂၀၁၇ ခုနှစ်တွင် ပထမဆုံးအကြိမ်စတင် ပေးအပ်ခဲ့သည်။ အဆိုပါ ဆုကို မြန်မာနိုင်ငံတွင် ဒီမိုကရေစီ၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေး၊ နှင့် လူ့အခွင့်အရေးတို့အတွက် ၎င်းတို့၏ ဘဝများကို ပေးဆပ်ပြီး စွမ်းစွမ်းတမံ ရပ်တည်လှုပ်ရှားခဲ့ကြသော သူများကို ပေးအပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများရှိ ကျွမ်းကျင်ပညာရှင်များနှင့် တက်ကြွလှုပ်ရှားသူများ အတွက် ကွန်ရက်တစ်ခုကို ဖန်တီးလုပ်ဆောင် ပေးနိုင်ခဲ့ပါသည်။

၂၀၁၇ ခုနှစ်တွင် ပထမဆုံးအကြိမ်ပေးအပ်ခဲ့သော ရှူးမန်းဆုများကို NLD မှ ဥပဒေအကြံပေး ရှေ့နေ ဦးကိုနီ၊ ငြိမ်း (Shalom) ဖောင်ဒေးရှင်း၏ ဒါရိုက်တာ ဒေါ် ဂျာနန်းလတော် နှင့် Equality Myanmar မှ အမှုဆောင် ညွှန်ကြားရေးမှုး ဦးအောင်မျိုးမင်းတို့က လက်ခံရရှိခဲ့ကြသည်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း နှစ် ၇၀ ပြည့်နှစ်ဖြစ်သည့် ၂၀၁၈ ခုနှစ်တွင် ရှူးမန်းဆုများကို Myanmar Now မှ အယ်ဒီတာချုပ် ကိုဆွေဝင်း၊ လူအခွင့်အရေးတက်ကြွလှုပ်ရှားသူ ချယ်ရီ‌ဇောင်ဟောင်နှင့် အမျိုးသမီး အခွင့်အရေး တက်ကြွလှုပ်ရှားသူ ဒေါ်ခင်သန်းထွေး တို့ မှ အသီးသီး လက်ခံရရှိခဲ့သည်။

၂၀၁၉ ခုနှစ် တွင် အဆိုပါ ဆုကို ကျား၊မရေးရာနှင့် ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားသူ ဒေါ်နန်ပူ၊ ငြိမ်းချမ်းရေးထောက်ခံအားပေးသူ ဦးအောင်ကျော်မိုး နှင့် လူအခွင့်အရေး ကာကွယ်စောင့်ရှောက်သူ ဦးရောဘတ် စန်းအောင်တို့မှ လက်ခံရရှိခဲ့ပါသည်။