ဥရောပသမဂ္ဂ (EU) မြန်ကူရန်ပုံငွေအစီအစဉ်မှ ကျပ်ဘီလီယံ သန်းတစ်ထောင်အား ၁၂,၉၀၀ ကျော် အထည်ချုပ်လုပ်သားများထံသို့ ငွေကြေးပံ့ပိုးပေးမှု
ကမ္ဘာအနှံ့ဖြစ်ပွားလျက်ရှိသည့် ကိုဗစ်-၁၉ ကြောင့် အလုပ်လက်မဲ့ ဖြစ်ခဲ့ရသော
အထည်ချုပ်အလုပ်သမားများသည် ဥရောပသမဂ္ဂ အရေးပေါ်ရန်ပုံငွေဖြစ်သည့် မြန်ကူ (Myan Ku) မှ
တဆင့် ယူရို ၅သန်း(မြန်မာကျပ်ငွေ ၇.၉ ဘီလီယံ) အား ငွေကြေးကူညီထောက်ပံ့မှု ရရှိလျက်ရှိသည်။
မေလ ၁ရက်နေ့မှ စတင်၍ “မြန်ကူ” ပဏာမခြေလှမ်းအဖြစ် တိုးပွားလာသည့်လက်ခံသူဦးရေ
အပေါ် ငွေကြေးပံ့ပိုးမှုများ ပြုလုပ်ခဲ့ပြီး ယနေ့တွင် ၁၂,၉၁၃ ဦးစီ နှင့် မြန်မာကျပ်ငွေပေါင်း
၁,၀၄၁,၀၀၀,၀၀၀ ကျပ်အား ပံ့ပိုးပေးခဲ့ပြီ ဖြစ်သည်။ ငွေကြေးပံ့ပိုးမှု လက်ခံ ရရှိသူများတွင် ရန်ကုန်၊ ပုသိမ်၊
မန္တလေး၊ ပဲခူး၊ မကွေးတိုင်းဒေသကြီး နှင့် မြန်မာနိုင်ငံအနှံ့အပြားရှိ အမျိုးသမီးစက်ရုံအလုပ်သမား
၁၁,၀၀၀ ကျော် ပါဝင်သည်။
အခုလက်ရှိတွင် မြန်ကူ ဖုန်းအော်ပရေတာ အဖွ့ဲမှ မြန်မာနိုင်ငံအနှံ့အပြားမှ ထောင်သောင်းချီသော
အလုပ်သမားများထံမှ ဖုန်းခေါ်ဆိုမှုများနှင့် လျှောက်လွှာများကို အပတ်တိုင်း ကိုင်တွယ်
လုပ်ဆောင်နေသည်။ အလုပ်သမားအများစုမှာ ရန်ကုန်တွင်နေထိုင်ကြသော်လည်း မန္တလေးမြို့ နှင့်
မကွေးတိုင်းဒေသကြီးရှိ ရာပေါင်းများစွာသော အလုပ်သမားများ၊ ပုသိမ်မြို့နှင့် အနီးတဝိုက်ရှိ
အလုပ်သမားပေါင်း သုံးထောင်ကျော်မှလည်းငွေကြေးထောက်ပံ့မှုများ ရရှိခဲ့သည်။ ထို့အပြင်
ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် အခြားသော မိမိတို့နေရပ်သို့ပြန်သွားကြသည့်
အလုပ်သမားများ သည်လည်း အရေးပေါ်ငွေကြေး ထောက်ပံ့မှုများ လက်ခံရရှိခဲ့သည်။
“လူ့အဖွဲ့အစည်းတစ်ခုရဲ့ တကယ့်အစစ်အမှန်အင်အားကို ထိခိုက်နစ်နာမှုအများဆုံးရှိမှုတွေ အပေါ်
ဘယ်လိုပြုမူလုပ်ဆောင်သလဲ ဆိုတာနဲ့ တိုင်းတာသင့်ပါတယ်။ မြန်ကူမှ ပိုပြီးထိခိုက်နစ်နာမှုရှိနိုင်တဲ့
အလွန်အမင်း ဆင်းရဲနွမ်းပါးသူတွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးလုပ်သားတွေ နဲ့ ကလေးသူငယ်ရှိတဲ့
အမျိုးသမီးလုပ်သားတွေအတွက် လုံခြုံစိတ်ချရတဲ့ ကွန်ရက်တစ်ခုကို တိုးမြှင့်လုပ်ဆောင်ထားပါတယ်။
ယခုလိုအောင်မြင်စွာလုပ်ဆောင်နိုင်မှုအတွက်လည်း မြန်ကူ ကို အခိုင်အမာပံ့ပိုးပေးတဲ့ အလုပ်ရှင်
အဖွဲ့အစည်းများ၊ အလုပ်သမား သမဂ္ဂများနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား
ဝန်ကြီးဌာန အပါအဝင် လူမှုမိတ်ဖက်အဖွဲ့အစည်းများကိုလည်း ကျေးဇူးတင်ရှိပါတယ်” ဟု
မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး Kristian Schmidt က ဆိုသည်။
စုစုပေါင်း ယခုအချိန်ထိ အထည်ချုပ်၊ အထည်အလိပ် နှင့် ဖိနပ် စက်ရုံပေါင်း ၁၂၂ ခု မှ အလုပ်သမားပေါင်း
၂၀,၀၀၀ ကျော် လျှောက်ထားခဲ့ပြီးဖြစ်သည်။ လျှောက်လွှာအမြောက်အမြားကို စက်ရုံများ၏ HR
မန်နေဂျာများမှ မကြာသေးမီက အလုပ်မှရပ်နားခံရခြင်း (သို့မဟုတ်) ဆိုင်းငံ့ခံထားရသည့်
အလုပ်သမားများအတွက် ထောက်ပံ့မှုရရှိရန် ကြိုးစားပူးပေါင်းဆောင်ရွက်၍ အတည်ပြုခဲ့သည်။
အလုပ်သမားသမဂ္ဂ များမှလည်း ၎င်းတို့၏ အသင်းဝင်များထံမှ လျှောက်လွှာများ
စုဆောင်းပေးခဲ့ပြီး ထောင်ပေါင်းများစွာသော အလုပ်သမားများမှလည်း နေ့စဉ်မနက် ၈နာရီမှ ည ၈နာရီထိ၊
တနင်္လာနေ့မှ သောကြာနေ့ထိ ဆက်သွယ်နိုင်သည့် ဖုန်းလိုင်းသို့ တိုက်ရိုက်
ဆက်သွယ် လျှောက်ထားလျက်ရှိသည်။
“အခုလို အကြပ်အတည်းကာလအတွင်း ဝင်ငွေရနိုင်မယ့် အခြားအခြေအနေတွေ
မရှိပေမယ့်၊ မြန်ကူ ထောက်ပံ့မှုဟာ ကျွန်မမိသားစုရဲ့ အခြေခံလိုအပ်ချက်တွေ ကာမိအောင်
အထူးသဖြင့် အစားအသောက်ဝယ်ယူနိုင်အောင် ကူညီပေးပါတယ်။” ဟု မမိုးသန္တာဝင်း က ပြောပြခဲ့သည်။
ကိုဗစ်-၁၉ ပျံ့နှံ့မှု၏ နောက်ဆက်တွဲ စီးပွားရေးအကျိုးသက်ရောက်မှုဒဏ်အား လျော့နည်းစေရန်
ဥရောပသမဂ္ဂ မှ အလျင်အမြန်တုံ့ပြန်ဆောင်ရွက်မှုတစ်ခု အနေဖြင့် မြန်ကူ ကို ၂၀၂၀ခုနှစ် ဧပြီလတွင်
စတင် လုပ်ဆောင်ခဲ့ပြီး အကျပ်အတည်းကြောင့် ၎င်းတို့၏ အလုပ်အကိုင်များ
ဆုံးရှုံးခဲ့ရသည့် မြန်မာနိုင်ငံတဝှမ်း မှ အမျိုးသမီး အထည်ချုပ်လုပ်သားများကို အဓိကထား
ကူညီဆောင်ရွက်လျက်ရှိသည်။