#TeamEurope's COVID Response in Myanmar
မြန်မာနိုင်ငံတွင် ကိုဗစ် - ၁၉ ကူးစက်ရောဂါ ပျံ့နှံ့မှုကြောင့် ဖြစ်ပေါ်လာသော လူမှု - စီးပွားရေး ဂယက်ရိုက်ခတ်မှုများကို တုံ့ပြန်ဖြေရှင်းနိုင်ရန်အတွက် ဥရောပသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများ၊ အထူးသဖြင့် ဒိန်းမတ်၊ ဂျာမနီ၊ ပြင်သစ်၊ အီတလီနှင့် ဆွဇ်ဇာလန်နိုင်ငံများသည် #TeamEurope အဖြစ် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ထိခိုက်လွယ်ဆုံးအုပ်စုများအတွက် အကူအညီများ ဦးစွာ ရရှိစေရန်အလို့ငှာ #TeamEurope သည် ရွှေ့ပြောင်းလုပ်သားများ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ၊ နေရပ်စွန့်ခွာတိမ်းရှောင်သူများနှင့် ဒေသခံလုပ်ကွက်ငယ်တောင်သူများကို အထောက်အပံ့များ ပေးအပ်လျက်ရှိပါသည်။
ဤပုံတွင် ဥရောပသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများ ဆောင်ရွက်လျက်ရှိသည့် ကိုဗစ် - ၁၉ ရောဂါ တုံ့ပြန်တိုက်ဖျက်ရေးလုပ်ငန်းများကို အကျဉ်းချုံးဖော်ပြထားပါသည်။