THIS CONTENT HAS BEEN ARCHIVED

ဧပြီလ ၁ ရက်နေ့တွင် ကြားဖြတ်ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ခြင်းအတွက် ဒေသဆိုင်ရာ ဥရောပသမဂ္ဂ ကြေငြာချက်

06.04.2017
Teaser

၁ ဧပြီလ ၂၀၁၇ တွင် ကျင်းပပြုလုပ်ခဲ့သော ကြားဖြတ်ရွေးကောက်ပွဲသည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဓလေ့ထုံးစံများ စုစည်းလုပ်ဆောင်ရာတွင် နောက်ထပ်အရေးပါသော ခြေလှမ်းတစ်ရပ် ဖြစ်ပေသည်။ ဥရောပ လေ့လာစောင့်ကြည့်သူများ အပါအဝင် ပြည်တွင်း၊ ပြည်ပလေ့လာ စောင့်ကြည့်သူများ အဆိုအရ မဲဆန္ဒရှင်များသည် သူတို့၏ ဆန္ဒမဲများအား ရွေးကောက်ပွဲကာလအတွင်း ကောင်းမွန် ထင်သာမှုရှိစွာ မဲပေးနိုင်ခဲ့ကြသည်။

Text

 

ဥရောပသမဂ္ဂသံရုံးသည် အောက်ပါ ကြေငြာချက်အား မြန်မာနိုင်ငံဆိုင်ရာ

ဥရောပသမဂ္ဂသံရုံး အကြီးအကဲ၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်ပါသည်။

 

၁ ဧပြီလ ၂၀၁၇ တွင် ကျင်းပပြုလုပ်ခဲ့သော ကြားဖြတ်ရွေးကောက်ပွဲသည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဓလေ့ထုံးစံများ စုစည်းလုပ်ဆောင်ရာတွင် နောက်ထပ်အရေးပါသော ခြေလှမ်းတစ်ရပ် ဖြစ်ပေသည်။ ဥရောပ လေ့လာစောင့်ကြည့်သူများ အပါအဝင် ပြည်တွင်း၊ ပြည်ပလေ့လာ စောင့်ကြည့်သူများ အဆိုအရ မဲဆန္ဒရှင်များသည် သူတို့၏ ဆန္ဒမဲများအား ရွေးကောက်ပွဲကာလအတွင်း ကောင်းမွန် ထင်သာမှုရှိစွာ မဲပေးနိုင်ခဲ့ကြသည်။

ကျွန်ုပ်တို့အနေဖြင့် မြန်မာနိုင်ငံတော်အစိုးရ အထူးသဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အား အစစအရာရာ ကောင်းမွန်၊ တည်ငြိမ်မှုရှိကာ ယှဉ်ပြိုင်မှုရှိသည့် ရွေးကောက်ပွဲဖြစ်စဉ်တစ်ရပ်အား အောင်မြင်စွာ စီမံခန့် ခွဲ ဆောင်ရွက်ခဲ့သည့်အတွက် ဂုဏ်ပြုချီးမွမ်းလိုပါသည်။

ထို့ကြောင့် ဥရောပသမဂ္ဂသည် နောက်ထပ် ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများအပါအဝင် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအပြီး ဥရောပသမဂ္ဂ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့၏  နောက်ဆုံးအစီရင်ခံစာပါ အကြံပြုချက်များကို အခြေခံလျက် ၂၀၁၂ ခုနှစ်ကတည်းက စတင်ခဲ့သော ဥရောပသမဂ္ဂ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ခိုင်မာသောအကူအညီများကို ဆက်လက် ပေးအပ်သွားမည် ဖြစ်သည်။

Category
Local Statements
Location

Yangon

Editorial sections
Myanmar (Burma)